“သေမင်းပြည်ကပြန်လာခဲ့သူတစ်ဦး” (အမှန်ကိုယ်တွေ့ဖြစ်ပျက်ခဲ့ရသူတဦး၏ပြောပြချက်) ဒီးဒုတ် ၊၁၉၄၇ ဇန်နဝါရီလ

"သေမင်းပြည်ကပြန်လာခဲ့သူတစ်ဦး"
(အမှန်ကိုယ်တွေ့ဖြစ်ပျက်ခဲ့ရသူတဦး၏ပြောပြချက်)
ဒီးဒုတ် ၊၁၉၄၇ ဇန်နဝါရီလ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၁၅ မိနစ်

*စာမြည်း*
ညသန်းခေါင်ယံ အချိန်လောက်တွင် “ဝုန်း” ကနဲပြင်းထန်သောအသံကြောင့် ကျွန်ုပ်သည်လန့်နိုးပြီး မှန်အိမ်ကိုထွန်းကြည့်ရာ၊ ကွန်ုပ်၏ ခုတင်အနီးရှိ စားပွဲပေါ်မှကုလားထိုင်အိုကြီး တလုံးသည်၊ အောက်သို့လိမ့်ကျလျက် ရှိသည်ကိုတွေ့ရ၏။ ထိုအချိန်၌ အိမ်တအိမ်လုံး တုန်လှုပ်နေသလိုလိုရှိ၏။ အပြင်မှလည်း ပြင်းထန်သော လေမိုးရွာတိုက်လျက် လေသံများလိုလို ကြားယောင်ယောင်ရှိ၏။ ကျွန်ုင်၏ ဦးခေါင်းပေါ်သို့ ကျမည်စိုး၍၊ မီးခွက်နှင့် လိုက်လံကြည့်ရှုရာ၊ ၎င်းကုလားထိုင်အိုကြီးမှတပါး အခြားကျစရာမရှိသဖြင့်၊ ခုတင်ပေါ်သို့ တဖန် ပြန်အိပ်သော်လည်း၊ စိတ်၏ ချောက်ချားခြင်းကြောင့် မအိပ်နိုင်ဘဲရှိ၏။ တိုက်ခတ်လျက်ရှိသောလေသံဖြင့် စားပွဲဟောင်းတို့၏။ လှုပ်သံများကိုလည်း ကြားလျက်ရှိ၏။ ထိုနောက်အာရုံလာချိန်မှ လေညိမ်သွားဟန်ရှိသဖြင့်၊ ကွန်ုပ်လည်း မှေးကနဲ ပျော်သွားတော့၏။ နံနက်မိုးလင်း၍ ကျွန်ုပ်သည် ပြူတင်းပေါက်မှကြည့်ရာ၊မြေမှာမိုးစိုခြင်းမရှိ၊ သစ်ပင်ဝါးပင်တို့မှာလည်း ကျိုးပျက်ခြင်းအလျဉ်းမရှိသဖြင့်၊ ညက အဖြစ်အပျက်မှာ အိမ်မက်ပေလောဟု တွေးစဉ်းစားလျှက် ရှိနေရာမှ။ ကျနေလျက်ရှိသော ကုလားထိုင်ကြီးကို မြင်၍ အိပ်မက်မဟုတ်နိုင်ဟုသိပြီးလျှင် မျက်နှာသုတ်ပုဝါကိုယူပြီး ၎င်းအိပ်ခန်းမှထွက်ခဲ့၏။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Thu, 24 Jul 2025 20:54:08 +0000
Previous Post Next Post