Video: “သူတို့ကျွန်တော့်ကိုအခုပဲသတ်ကြတော့မယ်” (လက်နှစ်ဖက်ပြတ်အလွတ်စုံထောက်) စာရေးသူ – လင်းယုန်မောင်မောင်

"သူတို့ကျွန်တော့်ကိုအခုပဲသတ်ကြတော့မယ်"
(လက်နှစ်ဖက်ပြတ်အလွတ်စုံထောက်)
စာရေးသူ – လင်းယုန်မောင်မောင်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၂၆ : ၄၀ မိနစ်

*စာမြည်း*
အဲဒီညက တယ်လီဖုန်းထဲကနေပြီး ဂါရစ်တီက သူ့မှာ ပြဿနာတစ်ခု ပေါ်နေတဲ့အကြောင်းနဲ့ အဲဒီပြဿနာကတော့ “ကာလ်ဟွန်”ဆိုတဲ့ လူတစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။
“ဒီမယ် ဂျေ..ကျွန်တော်တော့ အဲဒီကာလ်ဟွန်ဆိုတဲ့ လူဟာ ဘယ်လိုလူလဲဆိုတာ စဉ်းစားလို့ကို မရဘူး” ဂါရစ်တီက စစချင်း ပဟေဠိဆန်ဆန် ပြောလာပါတယ်။ “ဒီလူဟာ ဦးနှောက်ချောင်ပြီး စိတ်မနှံ့ဘဲ ဖြစ်နေသလား။ ဒါမှ မဟုတ် သူလိုကိုယ်လို လူကောင်းတစ်ယောက်ပဲလားဆိုတာ ကျွန်တော်တွေးလို့မရဘဲ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်ကိုတော့ လောလောဆယ် ခဏခဏ ဒုက္ခလာပေးနေတာ အမှန်ပဲ၊ ကျွန်တော့်ရုံးခန်းကို မကြာမကြာလာပြီး သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားနေတယ်ဆိုတာ ပြောပြီးရင်း ပြောရင်း ဖြစ်နေတယ်။ သေသေချာချာ မေးကြည့်တော့လည်း သူ့ဟာက ဘာမှ ရေရေရာရာ မဟုတ်ဘူးဗျ”

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 01 Jul 2025 20:54:20 +0000
Previous Post Next Post