"သားရွှေဥ"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၀ စက်တင်ဘာလ)
စာရေးသူ – လူထုဦးလှ
စာဖတ်သူ – မေနှင်းစက်
ကြာချိန် – ၁၂ : ၅၄ မိနစ်
*စာမြည်း*
တဲကလေးထဲသို့ ကျွန်တော် ဝင်သွားသည်။ ကျိုးပျက်နေသော ပြတင်း ၂-ပေါက်သည် တခုနှင့်တခု မျက်နှာချင်းဆိုင်ဖြစ်သည်။ အလင်းရောင်သည် ထိုတဲကလေးအတွင်းသို့ ဤ ၂ -နေရာကသာ ဝင်နိုင်သည်။ “ထိုင်ပါရှင်…ကိုသာထူးခင်ဘဲ လာပါလိမ့်မယ်။" ကွပ်ပျစ်ကြီးတလုံးပေါ်တွင် ပေရေသော စောင်စုတ်များနှင့် ရစ်ပတ်ထားသော မိန်းကလေးကို မြင်ရသောအခါ ကျွန်တော့် နှလုံးသားမှာ များစွာထိခိုက် သွားပါသည်။ ပေါ်နေသော သူမ၏ မျက်နှာကလေးမှာလည်း ဖျော့တော့လှပါသည်။ အားအင်နည်းလှသော သူမ၏ လက်မောင်းများဖြင့်လည်း စောင်စုတ် လုံချည်စုတ်များဖြင့် ထွေးလုံးထားသည့်ကလေး ကလေးကို ဖက်ထားသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 19 Aug 2025 20:54:38 +0000