စာအုပ်အသစ်၊ စာရေးသူ အသစ်တွေ လာမေးတဲ့ စာဖတ်သူတွေအတွက် ကျနော်တို့ Listener’s Heaven ရဲ့ LH စာစဉ် အတွဲ (၂၅) မှ "စာရေးသူ – ပြာလဲ့ရီဝေ" ရဲ့ "မပြောင်းမလဲသစ္စာမြဲ" ဆိုတဲ့စာမူဖြစ်ပါတယ်
"မပြောင်းမလဲသစ္စာမြဲ"
စာရေးသူ – ပြာလဲ့ရီဝေ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၈ မိနစ် : ၂၇ စက္ကန့်
စာမြည်း
"မလှယဉ်ကို ကျုပ် ချစ်တယ်ဗျာ"
ကိုဖိုးသောင်း၏ မကွေ့မဝိုက် မလှပစွာ တဲ့တိုးစကားကြီးကြောင့် မလှယဉ်မှာ လက်မောင်း၊ လက်ဖျံတို့ရှိ အမွေးနုများ ဖျင်းခနဲထောင်ကာ ရှိန်းခနဲ ရှက်သွေးဖြန်းဖြန်းထသွား၏။ နှုတ်ခမ်းနှစ်လွှာသည်လည်း ကြည်နူးစွာ ဟစိသွား၏။ သို့သော် ကိုဖိုးသောင်းသည် မလှယဉ် နောက်မှာ ရပ်နေရသူဖြစ်သောကြောင့် မလှယဉ်၏ အပြုံးကို မမြင်နိုင်။ အနွေးထည် ခပ်ပါးပါးလေး ဝတ်ထားသဖြင့် ထောင်မြသွားသော မလှယဉ်၏ မွေးညင်းများအကြောင်းကိုလည်း သိနိုင်မည်မဟုတ်။ မလှယဉ်သည် ပြုံးသံ ရယ်သံ မပါအောင် ကြိုးစားလျက်
"အို ကိုဖိုးသောင်းကလည်း ဘာတွေလာပြောနေတာလဲ၊ မသင့်မရာ၊ ဘုန်းကြီးကျောင်းဝန်းထဲမှာ"
"မလှယဉ်က ရွာထဲ အလည်မှ မထွက်တာ၊ ဘုန်းကြီးကျောင်းပဲ ဆွမ်းပို့တော့ ကျုပ်လည်း နေရာကို မရွေးအားဘဲ အမိအရ ပြောရတာပေါ့"
မလှယဉ်က စကားမစခင်ပင် ကိုဖိုးသောင်း ဆက်ပြော၏။
"ကျုပ်စကားတွေက မလှမပပေမဲ့ ကျုပ် မေတ္တာတွေက လှလွန်းမက လှပြီး စစ်မှန်ပါတယ် မလှယဉ်၊ ကျုပ်မေတ္တာမှန်လို့ပဲ နှစ် ၃၀ အကြာမှ ကျုပ်ဆီ မလှယဉ် ပြန်ရောက်လာပြီလေ"
"ကိုယ်နဲ့ထိုက်လို့ ကိုယ့်ဆီ ပြန်ရောက်လာတာလေ"ဟု ကိုဖိုးသောင်းက ထပ်ဆောင်း ပြောကာ ဂုဏ်ယူပီတိဖြာနေ၏။ ကိုဖိုးသောင်းစကားကြောင့် မလှယဉ်ပါ မှင်တက်မိသွား၏။ မိမိက ရွာကို ပြန်ရောက်လာရခြင်းသည် ကိုဖိုးသောင်း ပြောသလို သူနှင့်ထိုက်၍ သူ့ဆီပြန်လာရလေသလားဟု မဟုတ်တရုတ် တွေးမိသွားသေး၏။ ပြီးမှ
"အို ကိုဖိုးသောင်းကလည်း…"
မလှယဉ်၏ ဖြေရှင်းချက် မဆုံးခင်ပင် ကိုဖိုးသောင်းက အတင်း စကားဆက်သည်။
ဝတ္ထု ကို အောက်ပါလင့်ခ် ကို နှိပ်ပြီး ဖတ်ရှုခံစားနိုင်ပြီဖြစ်ပါတယ်။
စာစဉ်ဖတ်ရန် နှိပ်ပါ
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 21 Aug 2025 20:54:32 +0000