"ရတနာမွန်"
(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများပေါင်းချုပ်)
စာရေးသူ – ဒဂုန်ဦးစန်းငွေ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၆ : ၄၈ မိနစ်
*စာမြည်း*
“အိုမဟာနွယ်ဘွား လိစ္ဆဝီမင်းသားတို့၊ ငါကြွမလာမီစပ်ကြားတွင် မည်သည့်စကားဖြင့် သင်တို့ ဆိုပြော ဆွေးနွေးနေကြကုန်သနည်း။ မပြီးမပြတ်၊ လက်စ တန်းလန်းနှင့် ရုပ်ထားလိုက်ရသော စကားများ’ ရှိသေးသလား”
ဤသို့မေးလတ်သော် လိစ္ဆဝီမင်းသားတို့သည် ဤသို့လျှောက်ကြကုန်၏။
“ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား၊ ယနေ့စည်းဝေးကြရာတွင် အစည်းအဝေးနှင့် မဆိုင်သော စကားတစ်မျိုး ထိုးဖောက်ဝင်ရောက်လာပါသည်။ ထိုစကားမှာ ဤသို့ပါ ဘုရား- “ဤလောက၌ ရတနာအမျိုးမျိုး ရှိလေသည့်အနက် (၁) ဆင်ရတနာ၊ (၂) မြင်းရတနာ၊ (၃) ပတ္တမြားရတနာ၊ (၄) မိန်းမရတနာ၊ (၅) သူဌေ သူကြွယ်၊ ဤရတနာ ငါးမျိုးတို့သည် လွန်စွာရခဲကုန်၏။ ရရန်မလွယ်ကူသော ရတနာများ ဖြစ်ကုန်၏။ “အစည်းအဝေးနှင့် မဆိုင်သော ဤစကားများ ကြားဖောက်ဖြစ်ပေါ်လာ ပါသည်။ ဤစကားထူး၊ စကားဆန်းများကို ဆိုပြောနေကြပါကုန်သည်။"
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks
#audiobooks
#ဒဂုန်ဦးစန်းငွေ
#မြန်မာဝတ္ထု
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 18 Sep 2025 20:54:53 +0000