“မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုအခင်းများ” (အပိုင်း – ၆) စာရေးသူ – လူထုဒေါ်အမာ

"မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုအခင်းများ" (အပိုင်း – ၆)
စာရေးသူ – လူထုဒေါ်အမာ
စာဖတ်သူ – သူရတင့်
ကြာချိန် – ၄၃ : ၁၅ မိနစ်

*စာမြည်း*
နှစ်မိနစ်မျှကြာသော် ဘဏ္ဍာစိုးပြန်လာ၍ ထောင်ထဲကပစ်နေကြကြောင်း၊ လမ်းပေါ်မှ လူအများထွက်၍ ကြည့်နေကြကြောင်းများကို ပြောလာသည်။ ထင်သည့်အတိုင်း မြို့ထဲတွင်ကား ဘာမျှမဖြစ် ထောင်ထဲတွင်ဖြစ်လေပြီ။ လက်ဖက်ရည်သောက်ရင်း ငါးမိနစ်ခန့် အချိန်ဖြုန်းမိသည်ကိုပင် စိတ်ဆိုးလျက် သေနတ်ယူရန်ကိုလည်း သတိမရဘဲ မော်တော်ကားရှိရာ အောက်ထပ်သို့ဆင်း၍ ပြေးခဲ့ပါသည်။ တစ်မိနစ်အတွင်းမှာပင် မီးရထားတံတားကြီးကို ကျော်လွန်၍ ကိုက် ၂ဝဝ လောက်ရှေ့တွင် မြောက်ဘက် ထောင်တံတိုင်းကြီးကို မြင်ရလျက် ထောင်ထဲတွင် သေနတ်ချင်းပြိုင်၍ ပစ်နေကြပြီကို သိရပါ၏။ လမ်းမှာပိတ်ထားသဖြင့် ခေတ္တစောင့်၍နေရစဉ် ကားတစ်စီးထဲတွင် ဘဏ္ဍာရေးဝန်ကြီးနှင့် ဝန်ကြီး ကတော်တို့ကို မြင်သဖြင့် .. “ဘာဖြစ်သလဲဗျို့” “ထောင်ထတယ် ထင်ပါရဲ့” လမ်းစောင့်ပုလိပ်သည် အသွားအလာတို့ကို ပိတ်၍ထားသဖြင့် ကျွန်တော်က ရှေ့သို့သွား၍ မြောက်ဘက်သို့ သွားလိုကြောင်းပြောရာ
“အဲဒီဘက်ကို ဘယ်သူမှ သွားခွင့်မပေးနိုင်ဘူး၊ သေနတ်ကျည်ဆန်တွေ မနေမနားကျနေတယ်၊ စိတ်မချရဘူး ခင်ဗျ”

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#audiobooks
#lhaudiobooks
#လူထုဒေါ်အမာ
#မြန်မာဝတ္ထု

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 21 Sep 2025 20:55:05 +0000
Previous Post Next Post