"ဗူးခါးရေနှင့်ကြမ်းကြားလေ"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ ဇွန်လ)
စာရေးသူ – လင်းယုန်သစ်လွင်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၂၁ : ၁၇ မိနစ်
*စာမြည်း*
“မနေ့ညနေက မနန်းအိမ် အကိုကြီးရောက်လာတာနဲ့ ညက ပိုက်မဆင်းဖြစ်တော့ပါဘူးဗျာ၊ သမီးယောက်ဖ နှစ်ယောက် စကားကောင်းနေကြကာ သန်ကောင်တိုင်ပါလေရော" ကိုကျီးညိုသည် လှေငယ်တွင်းသို့ဆင်းသက်ကာ ရေပက်ခွံကို ကောက်ကာကိုင်လိုက်ရာမှ ဦးတက်တူ၏ အမေးကိုဖြေလိုက်လေသည်။ “ကျီးကန်းသိုက်ရွာက ဘချောလားကွ” ဦးတက်တူက ထပ်မံမေးမြန်း နေလေသည်။ စက္ကော့ရွာငယ်၏ အောက်ပိုင်း အတန်ငယ် လှမ်းလှမ်းတွင် ကျီးကန်းသိုက်ရွာငယ် ရှိလေသည်။ ကျီးကန်းသိုက် ရွာမှာမူ ကိုကျီးညိုတို့ စက္ကော့ရွာနှင့် အသက်မွေးဝမ်းကျောင်းမှု မတူပေ။ ကျီးကန်းသိုက် ရွာသူရွာသားများသည် တနှစ်လျှင် နှစ်သီးစား စိုက်ပျိုးကြသည်။ ကျီးကန်းသိုက်ရွာ၏ တည်နေပုံမှာလည်း ကိုကျီးညိုတို့ စက္ကော့ရွာနှင့် သဘာဝ အနေအထား ကွဲပြားလေသည်။ ကျီးကန်းသိုက်ရွာသည် မြေနုကျွန်းပေါ်အရပ် ဖြစ်လေရာ ရွာသူရွာသား များသည် လယ်အလုပ်ပြီးသော် ကိုင်းအလုပ် လုပ်ကြသည်။ ကိုင်းဟူသောဝေါဟာရမှာ မြစ်ဝကျွန်းပေါ်အရပ်အခေါ် တောင်သူလယ်သမား ဝေါဟာရဖြစ်သည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#audiobooks
#lhaudiobooks
#မြန်မာဝတ္ထု
#ငွေတာရီ
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 16 Sep 2025 20:54:33 +0000