“ကုန်းဘောင်ဖြူဝန်းမိုး” (အစအဆုံး)စာရေးသူ-ရွှေဘိုမိမိကြီး #lhaudiobooks #audiobooks #ရွှေဘိုမိမိကြီး

"ကုန်းဘောင်ဖြူဝန်းမိုး" (အစအဆုံး)
စာရေးသူ – ရွှေဘိုမိမိကြီး
စာဖတ်သူ – ယံဇငြိဏ်း
ကြာချိန် – ၂ နာရီ ၂၇ မိနစ်

*ဇာတ်လမ်းအကျဥ်း*
ဤစာအုပ်သည် စာရေးဆရာမ ရွှေဘိုမိမိကြီး ရေးသားပြုစုပြီး ၁၉၉၉ ခုနှစ်၊ ပခုက္ကူဦးအုန်းစာပေဆု (ကျမ်းစာပေ တတိယဆု) ရရှိခဲ့သည့် “ကုန်းဘောင်ဖြူဝန်းမိုး” အမည်ရှိ သမိုင်းဝင်အတ္ထုပ္ပတ္တိကျမ်းတစ်စောင် ဖြစ်ပါသည် 。 စာအုပ်၏ အဓိကရည်ရွယ်ချက်မှာ သမိုင်းရာဇဝင်ကျမ်းကြီးများကို အလွယ်တကူ ဖတ်ရှုခွင့်မရကြသည့် လူငယ်လူရွယ်များအတွက် အချိန်တိုတိုနှင့် စာမျက်နှာနည်းနည်းဖြင့် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး (ဦးအောင်ဇေယျ) ၏ တိုင်းကျိုးပြည်ကျိုးဆောင် လုပ်ရပ်များနှင့် ဘဝဖြစ်စဉ်များကို အလွယ်တကူ နားလည်သဘောပေါက်စေရန် အတိုချုပ် ပြုစုထားခြင်းဖြစ်သည် 。 စာရေးဆရာမသည် အလောင်းမင်းတရားကြီး၏ မွေးရပ်မြေဖြစ်သော ရွှေဘိုမြို့တွင် နှစ်ပေါင်း (၄၀) နီးပါး နေထိုင်ခဲ့ပြီး ခိုင်လုံသော သမိုင်းအထောက်အထားများ၊ ဆရာကြီးများ၏ လမ်းညွှန်ချက်များကို အခြေခံကာ စိတ်မှန်းဖြင့် ရေးသားခြင်းမျိုး လုံးဝမပါဘဲ စနစ်တကျ ပြုစုထားခြင်းဖြစ်ကြောင်း သိရှိရပါသည် ။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ရွှေဘိုမိမိကြီး

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ


https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်
Previous Post Next Post