"သားကောင်" (repost)
စာရေးသူ – ဗန်းမော်တင်အောင်
ရှုမဝမဂ္ဂဇင်း ၁၉၅၇ ဇွန်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၂၅ မိနစ်
*စာမြည်း*
အချိန်၏ဖိစီးညှဉ်းပန်းသောဒဏ်ကိုထမ်းဆောင်ခံစားနေကြရသူများ၏ အတွက်၊ အ ကော င်း ဆုံးသော နည်းလမ်းမှာ စာဘတ်ရှုခြင်းနှင့် အိပ်စက်ခြင်းပင်ဖြစ်ပေသည်။ စာဘတ်ရှုခြင်းဖြင့် အသိဥာဏ်တိုးတက်နိုင်သော် လည်း၊ အိပ်စက်ခြင်းဖြင့် မိမိကိုယ်ကို လေးလံထိုင်းမှိုင်းစေတတ်ပေသည်။ ကျွန်တော်သည် အထက်ပါနည်းလမ်းများကို ရန်ကုန် ထောင်ကြီးအတွင်း၌ ၄-နှစ်ကျော် ၅-နှစ်နီးပါးခန့်မျှနေထိုင်လာခဲ့စဉ်က တွေ့ရှိခဲ့ရသည်။
အထက်ပါ နည်းလမ်းနှစ်ခု ရှိသည့်အနက် အိပ်စက်ခြင်းအမှုကို ရှောင်ကွင်းလျက် စာဘတ်ရှုသောနည်းလမ်း ကို ကျွန်တော်သည် ရွေးချယ်ခဲ့သည်။ စာဘတ်ရှုသော အလုပ်သည် ထောင် အတွင်း၌ အကျဉ်းခံနေရသည့်အခိုက်၊ တနှစ်ကျော် ၂-နှစ်တွင်း အလွန်တရာပျော်မွေ့ ချမ်းမြေ့စရာကောင်း သော်လည်း ၂-နှစ်ကကျော်လွန်၍၊ သုံးနှစ်အတွင်းသို့ ရောက်၍လာသောအခါ၊တဖြေးဖြေးငြီးငွေ့စရာကောင်းလာလေ့ ရှိသည်။ တရက် တရက် လျှင်အနည်းဆုံး ၆-နာရီမှ ၁၀-နာရီသာသာခန့် အထိ စာဘတ်ရှုနေသူ တဦးအတွက် တလ တလ လျှင်စာဘတ်ချိန် သည် နာရီပေါင်း နှစ်ရာနှင့် သုံးရာခန့်အကြားတွင်ရှိလေရာ တနှစ်တနှစ်လျှင် နာရီပေါင်းနှစ်ထောင့်ငါးရာမှ သုံးထောင် သာသာခန့် အထိရှိတတ်ပေသည် ။ ထိုသို့အားဖြင့် နာရီပေါင်းငါးထောင်ကျော် ခြောက်ထောင်ခန့် စာကိုသာလျှင် ဆက်တိုက် ဘတ်ရှူလာရသူအတွက် စာဘတ်ရှုရ….
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#MyanmarAudiobooks #AudioBooksMyanmar #မြန်မာစာအုပ်များ #မြန်မာဝတ္ထုတိုများ #ဗန်းမော်တင်အောင် #သားကောင်း
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်