ကမ္ဘာ့သဘော မနောမှာရိပ်မိစေ*
ဤကမ္ဘာ့ဓမ္မတာ သဘော၏
ဓါတ်ကြီးကို အပြီးတိုင်ရိပ်မိ၍၊
ဓါတ်သိသော အဖြစ်သို ရောက်သောအခါ
“ငါတကားဟု ဝါကြွား မာန်တက်ဘွယ်နှင့်
အထူး ဝမ်းမြောက်ဘွယ်လည်းမရှိချေ။
ဝမ်းနည်းပူဆွေး စိတ်မအေးဘွယ်နှင့်၊
ညှိးညှိးငယ်ငယ် ဖြစ်ဘို ရန်လည်း
အကြောင်း မရှိချေ"
ပစ္စုပ္ပန်ဖြစ်နေဆဲအပေါ်မှာသာ
တည်ကြည် ဖြောင့်မတ်စွာ
ရပ်နား တည်တံ့၍ ခံ့ခံ့ညားညားနေကြရန်
အခွင့်ရှိလေသတည်း။
ဟံသာဝတီသတင်းစာ၊ ၁၉၄၈ ဇန်နဝါရီလ။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 10 Jul 2025 07:26:41 +0000