"ပြိုင်ကားတစ်စီးနှင့်လူငယ်တစ်ယောက်"
(လက်နှစ်ဖက်ပြတ်အလွတ်စုံထောက်)
စာရေးသူ – လင်းယုန်မောင်မောင်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၂၂ : ၄၁ မိနစ်
*စာမြည်း*
ဖခင်ဖြစ်တဲ့ မစ္စတာဘောယားက သားကြီး ဖရက်ဒရစ်ကို တက္ကသိုလ်က ဘွဲ့ ရတဲ့အတွက် မာစီးဒီးပြိုင် ကားကလေးတစ်စီး လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ဒါတင်မကပါဘူး။ သူ့သားရဲ့ဆန္ဒအတိုင်း အမေရိကန်ပြည်ထောင်စုကို အရှေ့ဖျားကနေ အနောက်ဖျားအထိ တစ်နံတစ်လျား ခရီးသွားဖို့ဆိုပြီး သုံးဖို့စွဲဖို့ငွေ အလုံအလောက် ထုတ်ပေးခဲ့ပါတယ်။ ဖရက်ဒရစ်ကလည်း အင်မတန် လိမ္မာတဲ့သားတစ်ယောက်ပါ။ မိဘတွေကိုလည်း ချစ်ကြောက် ရိုသေပါတယ်။ ဒါ့ကြောင့် သူဟာ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကနေ ခရီးထွက်လာခဲ့ရာက သူ့ မိဘတွေ ဆီကို နှစ်ရက်တစ်ခါ ရောက်ရာအရပ်က လှမ်းပြီး ဖုန်းနဲ့ အကြောင်းကြားခဲ့ပါတယ်။ အခု သူ.ဘယ်မြို့ ရောက်နေပြီး ဘာတွေ မြင်ရတွေ့ ရတယ်။ ဒီမြို့ကနေ ဘယ်မြို့ ကို ခရီးဆက်မယ်ဆိုတာ နှစ်ရက်တစ်ခါ မှန်မှန်ကြီး ဖုန်းဆက်ပြီး အသိပေးခဲ့ပါတယ်။ အဲဒီလို နေလာခဲ့ရာက တစ်ပတ်လောက် ကြာတော့ ဖြုန်းခနဲ့ ဘာသံမကြား၊ ညာသံမကြားနဲ့ ဖရက်ဒရစ်ဆီက အဆက် အသွယ် ပြတ်သွားပါတယ်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 03 Jul 2025 20:54:17 +0000