"ထန်းသီးကြွေခိုက်လော"
(လူ့ရပ်ဌာနေထူးအံ့ထွေ ဝတ္ထုတိုများ)
စာရေးသူ – ရွှေဥဒေါင်း
စာဖတ်သူ – မေသူ
ကြာချိန် – ၃၅ : ၁၆ မိနစ်
*စာမြည်း*
တုတ်။ ။“ဘာ လူခြောက်လည်း ကိုချင်းရောက်ကဲ့”
ရောက်။ ။“ခင်ဗျားတို့ ကြားဖူးမှာပေါ့၊ တချို့ မိန်းမများဟာ ကိုယ်ဝန်ဆောင်ပြီး ပဋိသန္ဓေ အတော်ရင့်တဲ့အခါမှာ သူ့ဗိုက်ဟာ တစ်နေ့တခြား ကြီးမလာဘဲနဲ့ ပြန်ပြန်ပိန်သွားပြီး နောက်ဆုံးကျတော့ လူခြောက်ကလေး မွေးတာာမျိုးဟာကောဗျ” တုတ်။ “သိပါပြီ။ ရှင့်လူခြောက်က ဘယ်လို ထူးဆန်းတဲ့ ထူခြောက်မို့လို့လဲ” မိန်းမတို့မည်သည်မှာ တစ်စုံတစ်ခုသော အဖြစ်အပျက်၏ ထူးခြားမည့် အကြောင်းကို ယောက်ျားများထက် အလျင် ကြိုတင်ရိပ်မိ၍ ယောက်ျားများထက်လည်း ပိုမို သိလိုတတ်သော သဘောရှိကြောင်းကို တစ်ကမ္ဘာလုံးက ဝန်ခံကြပြီး ဖြစ်လေရာကား ဦးချင်းရောက်မှာ သိုဝှက်ရန် အကြံအစည်ကို လက်လျော့လိုက်လေ၏။
လန်း။ ။“ပြောမှာဖြင့် ပြောတော့ ကိုချင်းရောက်ရဲ့၊ မကြားရလျှင်တော့ အေးတော့မှာ မဟုတ်ကြဘူး”
ဦးချင်းရောက်သည် လက်ဖက်ရည် တစ်ပန်းကန်ကိုငှဲ့၍ သောက်နေစဥ် အိမ်သားသုံးယောက်တို့လည်း သိလိုဇောနှင့် ငေးလျက် ရှိနေကြလေ၏။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 29 Jul 2025 20:54:20 +0000