"သင်္ဘောများ၏သင်္ချိုင်း"
(မြဝတီမဂ္ဂဇင်း၊ ၁၉၅၆ အောက်တိုဘာလ)
စာရေးသူ – မောင်သော်က
စာဖတ်သူ – AI Generated Voice
ကြာချိန် – ၂၆ : ၁၃ မိနစ်
*စာမြည်း*
‘ဟာရီကိန်း’ ကဲ့သို့သော မုန်တိုင်းမျိုးမှာ ကမ္ဘာအရပ်ရပ်တွင် အမည်အမျိုးမျိုးဖြင့် ဆိုးနေကြသည်။ အချို့ မုန်တိုင်းများမှာ“ဆိုင်ကလုံး”ဟူ၍၎င်း၊ အချို့မှာ “တိုင်ဖုံး”၊ “တိုးနဒိုး”ဟူ၍၎င်း အမျိုးမျိုး ခေါ်ကြ၏။ အကြမ်းဖျဉ်းအားဖြင့် “ယဉ်စွန်းတန်း ခရုဗွေ မုန်တိုင်းများ”ဟု ခေါ်ဆိုနိုင်သည်။ ၎င်းမုန်တိုင်းများမှာ ယဉ်စွန်းတန်းတဝိုက်၌ စတင် အခြေပြုသည်များ၍ လေထု ဖိနှိပ်မှုနည်းပါးရာတလျှောက် ရွေ့လျား တိုက်ခတ်တတ်၏။ မုန်တိုင်း တိုက်ခတ်ပုံမှာ ခရုဗ္ဗေ သဏ္ဌာန်ဖြစ်၍ အကျယ်အဝန်းမှာ မိုင်-၅ဝ မှ တခါတရံ မိုင်-၇ဝဝ ထိ ကျယ်ပြန့်သည်။ မုန်တိုင်း ရွေ့လျားတိုက်ခတ်ရာ တလျှောက်တွင် တွေ့သမျှသင်္ဘောများကို စားသောက်ဝါးမျိုပစ်တတ်၍ ၎င်းမုန်တိုင်း၏ အလယ်ဗဟိုချက်မ မှာ သင်္ဘောများ၏ သင်းချိုင်းမည်ပေ၏။ ထိုဗဟိုချက်မ၌ လေသည် ပြင်းထန်လှသောအရှိန်ဖြင့် အရပ်ရပ်မှ ဝိုင်းဝန်း တိုက်ခတ်သည့် မိုးသီးမိုးပေါက်များမှာ ထိုးဖေါက်၍ မမြင်နိုင်အောင် သိပ်သည်းစွာ ရွာချတတ်သည်။ အဖက်ဖက်မှ အရှိန်ပြင်းစွာနှင့် ပြေးလာသော လှိုင်းလုံးကြီးများမှာ တခါတရံ ပေ-၅ဝ ကျော်အထိရှိကြသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 05 Aug 2025 20:54:32 +0000