“အကြောင်းရှာလျှင်” စာရေးသူ – စိန်စိန် (မြဝတီမဂ္ဂဇင်း၊ ၁၉၅၈ မေလ)

"အကြောင်းရှာလျှင်"
(မြဝတီမဂ္ဂဇင်း၊ ၁၉၅၈ မေလ)
စာရေးသူ – စိန်စိန်
စာဖတ်သူ – မေနှင်းစက်
ကြာချိန် – ၁ နာရီ

*စာမြည်း*
“မိအရှိန်နော်….နင်ဒါလောက် ကဲနေရင် ငါနဲ မအိပ်ရဘူး”ဟု မေမေက ပြောလာသည်ကိုပင် သူအမှုမထားချင်တတ်တော့ပေ။ မမမြတို့အခန်းမှာသွား၍ ဝတ္ထုတအုပ်ကို မဆုံးမချင်း ဖတ်လိုက်မိသဖြင့် ညဉ့်နက်မှန်းမသိနက် သွားလေသောအခါမျိုးတွင် အရှိန်သည် ကိုယ့်အပြစ်နှင့်ကိုယ် လိပ်ပြာမလုံဖြစ်ကာ ခြေကိုဖေါ့နင်းပြီး ဖြေးဖြေး ညှင်းညှင်း လျှောက်လာ ရလေ၏။ ပြီးတော့ မီးခလုတ်ကိုပင်မဖွင့်ရဲတော့ဘဲအမှောင်ထဲမှာ စမ်းရမ်းကာ မေမေနဘေးမှာ အသာကလေး ဝင်တိုးရလေသည်။ ဒါကိုမေမေသိ၍ တခါတရံ မြည်တွန်တောက်တီး ပြု လေသောအခါဝယ်…. ကိုယ့်အပြစ်ကို ဝန်မခံချင်လေသော အရှိန်ကပင် တပြန်စီးနှင့် တဟင့်ဟင့်စိတ်လုပ်၍မဆုံးနိုင်ဖြစ်တတ်သေးရာ မေမေသာမက ဖေဖေပါ ကူညီ၍ပင် ချော့မော့လိုက်ရတတ်သေးသည်။ ကြီးစဉ်ငယ်လိုက်ဆိုသလို ကြီးသူက ငယ်သူကို အရေးယူအလိုလိုက်ရမည်မှာသူတို့အိမ်၏ ထုံးတမ်းစဉ်လာကြီး တခုလိုဖြစ်နေ၍ မညှိနှိုင်းရပါဘဲနှင့် အားလုံးကပင်လျှင် ဤကျင့်ဝတ်ကိုပဲ မသွေမဖီ ရှိကြလေသောအခါ သူ့ ထက်ငယ်မရှိသောအရှိန်သည် ဤအိမ်ထက်မှာ ဤလိုသာ အခွင့်အရေးအရဆုံးနှင့် အဆိုးဆုံးအနွဲ့ဆုံး ဖြစ်လာရပေ၏။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 26 Aug 2025 20:54:24 +0000
Previous Post Next Post