"သီချင်းသည်ချိုးကလေး"
(ကလေးပုံပြင်များ)
စာရေးသူ – မင်းသုဝဏ်
စာဖတ်သူ – AI Generated Voice
ကြာချိန် – ၆ : ၄၈ မိနစ်
*စာမြည်း*
ချိုးကလေးဟာ နေရောင်ခြည်ကို မြင်ရတယ်။ ကောင်းကင်ပြာကို မြင်ရတယ်၊ ဒါပေမယ့် သစ်ပင်ဆိုရင် တစ်ပင်မှ မမြင်ရဘူးတဲ့။ ငှက်မုဆိုးဆိုင်က ရွာလယ်ကောင် ဈေးပိုင်းမှာဖြစ်နေတာကိုး။ သည်တော့ သူနားနေကျ ထနောင်းပင်ကလေးကို သတိရပြီး ထနောင်းပင်ကလေး အကြောင်းကို ကူသတဲ့။ သူ အစာကောက်နေကျ ပန်းတော်ဖြူ မြက်ခင်းကလေးကိုလွမ်းလို့ ပန်းတော်ဖြူ မြက်ခင်းကလေးအကြောင်းကို ကူသတဲ့။ နောက်ပြီးတော့ သစ်ခက်ခြောက်ကလေးတွေနဲ့ သူ ဆောက်ခဲ့တဲ့ အသိုက်ကလေးတွေ အကြောင်းကိုလည်း ကူသတဲ့၊ သူ့မယာ ချိုကလေးအကြောင်းကိုလည်း ကူသတဲ့၊ အထူးသဖြင့်တော့ ချိုးမကလေး မကြာခင်က အုထားတဲ့ ချိုးဥကလေး နှစ်လုံးအကြောင်းကို ကူရှာသတဲ့။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 31 Jul 2025 20:54:21 +0000