"ဘူးဘူးနှင့်မိကျောင်း"
(ကလေးပုံပြင်များ)
စာရေးသူ – မင်းသုဝဏ်
စာဖတ်သူ – AI Generated Voice
ကြာချိန် – ၆ မိနစ်
*စာမြည်း*
“ဟေ့ ဟီဟီ ၊ သတင်းကတော့ဖြင့် တယ်မကောင်းဘူး ၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ညွန့်ညွန့်က ပြောသွားတယ်၊ ညည်းကလေးကို ဘယ်မှ မသွားစေနဲ့နော်”ဟု ပြောလေသည်။ ထိုအခါ ဟီးဟီးက “အလိုလေး၊ ဘဲမကြီး ဂတ်ဂတ်မှာလဲ ကလေးတွေနဲ့၊ သွားပြီး သတိပေးဦးမှ ဖြစ်မယ်”ဟုဆိုကာ ဘဲပေါက်စ ဝါဝါကလေး ၁၀ ကောင်နှင့် ချောင်းဘက်ကိုသွားနေသော ဂတ်ဂတ်ထံသို့ ပြေးလေသည်။ “ဟေ့ ဂတ်ဂတ်၊ ချောင်းထဲမှာ မိကျောင်းတွေရှိနေသတဲ့၊ ဘဲဘဲက ပြောသွားတယ်၊ ညည်းကလေးတွေကို ချောင်းထဲ မဆင်းစေနဲ့နော်”ဟု ပြောဆိုလေသည်။ ထိုအခါ ဂတ်ဂတ်က “ဟုတ်ကဲ့လား၊ သည်လိုဖြင့် ကြက်သားအုပ်မကြီး ကော့ကော့ကို သွားပြောရဦးမယ်၊ သူ့မှာလဲ ကလေးတွေနဲ့ပဲ”ဟုဆိုကာ ကြက် ပေါက်ကလေး ခုနစ်ကောင်နှင့် အစာစားနေသော ကော့ကော့ထံသို့ ပြေးလေသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Sun, 03 Aug 2025 20:54:11 +0000