“ဖိုးတေဂျမ်းစစ်” (ရှုမဝမဂ္ဂဇင်း ၁၉၄၉ခုနှစ် မေလ) စာရေးသူ – အောင်မြင်

"ဖိုးတေဂျမ်းစစ်"
(ရှုမဝမဂ္ဂဇင်း ၁၉၄၉ခုနှစ် မေလ)
စာရေးသူ – အောင်မြင်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၄၁ : ၄၁ မိနစ်

*စာမြည်း*
တန်းလျားပိုင်ရှင်ကား ထမင်းသည်ကြီး ဒေါ်သဲဆိုသူ တခုလပ် အဒေါ်ကြီးပင်ဖြစ်သည်။ တန်းလျား အောက်ထပ်ရှိ နှစ်ခန်းတွဲအခန်းကြီးတွင် နေရာယူထားကာ လူလည်းနေ၊ ထမင်းဆိုင်လည်းဖွင့်လှစ်ထားပေသေးသည်။ ဒေါ်သဲကား ထမင်းဆိုင်ရောင်းသည့် အဒေါ်ကြီးတို့၏ ရုပ်ရည်သဏ္ဍာန်အတိုင်း ဝဝ၌ အသာမဲ၍ ပုပုအိုင်အိုင်ကြီးဖြစ်သည်။ ထမင်းအိုးကို လှမ်း၍ လက်ကိုဆန့်ကာ မွှေလိုက်သောအခါတိုင်း ထမီအနက်၏ ရှာပန်းထည် အထက်ဆင့်နှင့် ဘင်္ဂါလီ အကွဲအကြားက သူ၏ ဝမ်းပတ်ရေ ခါးသား အဆီပြင် ညှိညှိကြီးသည် လောကကိုခေါင်းပြူ၍ပြူ၍ကြည့်တတ်သည်။ . ဒေါ်သဲသည် သွားလေသူ ကျေးဇူးရှင် မောင်မင်းကြီးသား စုဆောင်းပေးခဲ့သော အမွေကြီး သုံးမွေကို ခံယူလိုက်ရသူဖြစ်ပေသည်။ ထိုအမွေအနှစ်များကို ဒေါ်သဲ အလွန်ခင်တွယ်သည်။ ယင်းသည့် အမွေအနှစ်တို့မှာကား ဤတန်းလျားကို၊ ဤထမင်းဆိုင် လုပ်ငန်းနှင့်ဤတဦးတည်းသောသားကလေး ငမဲတို့ပင် ဖြစ်လေသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 03 Aug 2025 20:54:20 +0000
Previous Post Next Post