“ဗုဒ္ဓကိုအပုပ်ချလိုက်ကြပုံက”(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများ -) – ဒဂုန်ဦးစန်းငွေ

"ဗုဒ္ဓကိုအပုပ်ချလိုက်ကြပုံက"
(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများပေါင်းချုပ်)
စာရေးသူ – ဒဂုန်ဦးစန်းငွေ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၁၈ : ၄၉ မိနစ်

*စာမြည်း*
“သခင်တို့၊ သခင်တို့၊ ရဟန်းဂေါတမအား လွယ်လွယ်နှင့်ကျဆုံးအောင် ပြုနိုင်မည်မထင်။ သူ့နောက်တွင် အလွန်တောင့်တင်းသော ထုထည်ကြီးရှိနေသည်။ ထို့ကြောင့် ပူးကပ်သတ်နည်းကို အသုံးပြုလေမှ အောင်မြင်အံ့ထင်သည်။ ယင်းကိစ္စအတွက် ဂေါတမနှင့်ဝင်၍ ပူးနိုင်ရန် ကိုယ်တို့အထဲက ယုံကြည်စိတ်ချရသူ တစ်ဦးကောင်း တစ်ယောက်ကောင်း လက်ရွေးစင်ရွေးထုတ်ဖို့လိုသည်။ ထိုသူနှင့် ပူးတွဲလုပ်ကြမှသာ ဂေါတမသတင်းမှိန်ပြီး သူ၏ လာဘ်လာဘအရှိန်လည်း ကျဆုံးသွားမည်ဖြစ်သည်။ သို့ဖြစ်လေရာ ဂေါတမနှင့် ဝင်ဆံ့နိုင်မည့်သူကို ရှေးဦးစွာ ရွေးသင့်ကြောင်း အကြံပေးလိုပါသည်ဟု ဆို၏။ ဤအကြံပေးချက်ကို လက်ခံသည်အနေဖြင့် တိတ္ထိတစ်ဦးက ထ၍ရပ်လိုက်ပြီး ထောက်ခံစကားပြောရင်း ရဟန်းဂေါတမနှင့် သင့်လျော်မည့်သူကို ထောက်ပြလေသည်။
“သခင်တို့ဘုရား၊ ခုနက တင်ပြသွားသော သခင်၏အကြံပေးချက်ကား လျော်ကန်လှပါသည်။ ထိုအသံကြားလိုက်ရစဉ်ကပင် သုန္ဒရီကိုပြေး၍ မြင်ယောင်လာပါသည်။ ယင်းကိစ္စအတွက် သုန္ဒရီကိုသာ တာဝန်ပေးရသော် မုချအောင်မြင် လိမ့်မည်ဟု ယုံကြည်စရာရှိပါသည်။ ရဟန်းဂေါတမသည် အလွန်လှသူဖြစ်ပါသည်။ သူလှသလို သုန္ဒရီကလည်း လှသည်။ အလှချင်းထပ်ဖက်၍ အတူနေမိသော် ယုတ်စွအဆုံး ဂေါတမမှာ နာမည်ပျက်မည်မှာ သေချာသည်။ ထိုအခါ သူ့မှာ လာဘ်တိတ်ပြီး တို့ထံသို့ လာဘ်များပြန်လာကုန်လိမ့်မည်။ သို့ပါ၍ ဂေါတမထံ ဝင်ထွက်ဆက်ဆံရန်အတွက် သုန္ဒရီအား တာဝန်လွှဲရန် အကြံပေးလိုပါကြောင်း” ဆို၏။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Thu, 28 Aug 2025 20:54:21 +0000
Previous Post Next Post