"ချိန်တန်ပြီ"
(ရှုမဝမဂ္ဂဇင်း၊ ၁၉၄၉ခုနှစ် ဇန်နဝါရီလ)
စာရေးသူ – တက္ကသိုလ်ဦး
စာဖတ်သူ – သူရတင့်
ကြာချိန် – ၂၆ : ၃၂ မိနစ်
*စာမြည်း*
ဒုပုလိပ် — “အင်း … ဆုငွေနဲ့ ရာထူးကတော့ ဟုတ်ပါပြီ၊ ဒီလူကိုဖမ်းလိုက်ရင် လူတွေက ဆဲလဲဆဲကြမယ်၊ အပြစ်လဲ အကြီးအကျယ်တင်ကြမှာဘဲ ကိုယ့်ဆွေမျိုးရင်းချာထဲကတောင် နေမှာမဟုတ်ဘူး – ဆဲမှာဘဲ… "
အရာရှိ – “ဒါတော့ကွာ.. ရဲအလုပ်ဝတ္တရားကို ဒို့စောင့်သိရိုသေရမှာဘဲ သူ့ဆန်စားရဲရင် ဘာမဆို လုပ်ရမယ်လို့ ဆိုရိုးရှိတယ် မဟုတ်လားကွာ….၊ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးအတွက် ဒို့တာဝန်ရှိတယ် မဟုတ်လားကွ …မင်းပြောင်းမင်းလွှဲဆိုတာ အခုခေတ်တော့ သိပ်မဆန်းလှပါဘူးကွာ….ကဲ ….ကဲ ….မြန်မြန်သွားကြ မင်းတို့ ကြော်ငြာတွေကပ်ဘို့ အများကြီးရှိသေးတယ် လက်ဆွဲမှန်အိမ်ယူသွားကွာ လမ်းမရှိတဲ့ နေရာကျတော့ အသုံးဝင်လိမ့်မယ်။ အကုန်ကပ်ပြီးရင် ဒီကိုပြန်လာခဲ့ကြဟေ့ ငါတယောက်ထဲ လကိုကြည့်ပြီး နေရတာ ပျင်းခြောက်ခြောက်ကြီး”
ပပုလိပ် – “ဆရာနဲ့ အတူတူမနေနိုင်တာဆိုးတာဘဲ။ ပုလိပ်တွေကိုလဲ နယ်တွေ့ပို့ထားလို့ မြို့ပေါ်မှာ မရှိသလောက်ဘဲ ဒီလိုလူမျိုး ထောင်ထဲမှာ ရှိနေရဲ့သား့ ပုလိပ်များများ အစောင့်ထားတာမဟုတ်ဘူး ခုတ လော… တရားသူကြီးတွေကလဲ… အမှုတွေ ရက်ချိန်းမပေးတော့ဘဲ၊ တခါထဲ စီရင်ချက်ချပစ်လို့ ဒီလူ့ကိုလဲ.. အမှုရုံးတင်မယ်လုပ်တုန်း ထောင်ဖေါက်သွားတော့ ဆိုးတာပေါ့-ကဲဆရာ ကျွန်တော်တို့ သွားမယ်…"
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#ချိန်တန်ပြီ
#တက္ကသိုလ်ဦး
#ရှုမဝမဂ္ဂဇင်း၊
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Thu, 28 Aug 2025 20:54:27 +0000