“အတွေးသစ်အမြင်သစ်”(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများပေါင်းချုပ်) – ဒဂုန်ဦးစန်းငွေ

"အတွေးသစ်အမြင်သစ်"
(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများပေါင်းချုပ်)
စာရေးသူ – ဒဂုန်ဦးစန်းငွေ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၁၁ မိနစ်

*စာမြည်း*
ရဟန်းတို့၊ သစ္စာလေးပါးကို မသိမီ ရှေးနုစဉ်အခါကပင်. ငါသည် ဤသို့ တွေးခေါ် ကြံဆခဲ့ဖူး၏။ ဤလောကကား ဆင်းရဲဘိစွ။ ပဋိသန္ဓေလည်းနေရ၏။ အိုလည်းအိုရ၏။ ရင့်လည်းရင့်ရ၏။ သေလည်းသေရ၏။ သေပြီးသည့်နောက် တစ်ဖန် ပဋိသန္ဓေလည်း နေရပြန်သေး၏။ ထိုသို့ဖြစ်ပါလျက်လည်း အိုခြင်း၊ သေခြင်း၊ ဆင်းရဲမှ လွတ်မြောက်ရာကို မသိ။ ဘယ်သောအခါမှ လွတ်မြောက်ရာ လမ်းစပေါ်လေမည်နည်းဟု ဤသို့ တွေးခေါ် ကြံဆခဲ့ဖူး၏။ ‘ ရဟန်းတို့၊ ထို့နောက်တစ်ဖန် ထိုငါ့အား “အဘယ်အရာရှိခဲ့သော် အိုခြင်း၊ သေခြင်း ဖြစ်လေသည်။ အိုခြင်း၊ သေခြင်းကား အဘယ်အကြောင်းခံကြောင့် ဖြစ်လေသနည်း”ဟု ဤသို့ တစ်ဆင့်တက်၍ တွေးခေါ်လာမိပြန်သည်။ ရဟန်းတို့၊ တွေးခေါ်ကြံဆသော ထိုငါ့အား အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့် ပညာဖြင့် ထိုးထွင်း၍သိလာ၏။ “ဇာတိရှိခဲ့သော် အိုခြင်း၊ သေခြင်း သည်ဖြစ်၏။ အိုရခြင်း၊ သေရခြင်းကား ဇာတိဟူသော ပဋိသန္ဓေနေခြင်း အကြောင်းခံကြောင့် ဖြစ်လေသည်တကား”ဟူ၍ ဤအသိဉာဏ် ပေါ်လာသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks
#audiobooks
#ဒဂုန်ဦးစန်းငွေ
#မြန်မာဝတ္ထု

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 14 Sep 2025 20:55:44 +0000
Previous Post Next Post