“လက်မှတ်မပါ” စာရေးသူ – တက္ကသိုလ်သုလင် (ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ စက်တင်ဘာလ)

"လက်မှတ်မပါ"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ စက်တင်ဘာလ)
စာရေးသူ – တက္ကသိုလ်သုလင်
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၁၁ : ၅၄ မိနစ်

*စာမြည်း*
ကိုဝေလီ တွဲပေါ်ရောက်သော အချိန်တွင် ကျောင်းသားအချို့ ဣန္ဒြေမရ ဖြစ်နေသည်။ အချို့အခြေမလှသူတို့လည်း လစ်ပေပြီ။ ကိုဝေလီကမူ ဣန္ဒြေ မပျက် ခရီးသည်တို့ကို တယောက်ပြီးတယောက် လက်မှတ်တောင်း ယူစစ်ဆေးနေသည်။ ကျောင်းသားကလေးအချို့ ဣန္ဒြေမရ ဖြစ်နေသည်ကိုလည်း မသိမသာ အကဲခတ်ကြည့်နေပေသည်။ ဤအချိန်မျိုးတွင် ကိုဝေလီအဖို့ ဆယ်ကိုယ်လောက်ခွဲရလျှင် ခွဲလိုက်ချင်ပုံ ရလေသည်။ လော်ကယ်ရထားဆိုသည်မှာလည်း တဘူတာ တဘူတာတွင် ကြာကြာရပ်သည် မဟုတ်။ ငြိမ့်ကနဲရပ်၊ ငြိမ့်ကနဲပြန်ထွက်တတ်ပေရာ ကိုဝေလီလက်မှတ်စစ်နေဆဲမှာပင် လမ်းမတော်ဘူတာသို့ ဝင်လာပြီဖြစ်၍ ရထားအရှိန်သတ်လိုက်ပါသည်။ ကိုဝေလီလည်း ဣန္ဒြေ မရဖြစ်နေသော ကျောင်းသားကလေး နှစ်ဦးထံသို့ မျက်ခြည်မပြတ် လျှောက်သွားလေသည်။ ကိုဝေလီ ဆိုက်ဆိုက်မြိုက်မြိုက် မိမိတို့ထံသို့ လာနေသည်ကိုတွေ့ရလျှင်ပင် အဆိုပါ ကျောင်းသားကလေးနှစ်ဦးမှာ ပို၍ ဣန္ဒြေမရဖြစ်ကာ ခေါင်းချင်း ရိုက်ကြပါသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#audiobooks
#lhaudiobooks
#မြန်မာဝတ္ထု
#ငွေတာရီ

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 14 Sep 2025 20:55:51 +0000
Previous Post Next Post