“နွံထဲကကြာ” (တတိယပိုင်း) စာရေးသူ – သိန်းဖေမြင့်+မြသန်းတင့်

"နွံထဲကကြာ" (တတိယပိုင်း)
စာရေးသူ – သိန်းဖေမြင့်+မြသန်းတင့်
စာဖတ်သူ – အိမ့်ထက်
ကြာချိန် – ၅ နာရီ ၁၇ မိနစ်

*စာမြည်း*
ဒီဝတ္ထုထဲတွင် သတင်းထောက်မောင်မောင်သန်း ၊ပြည့်တန်ဆာမှု၊ ခိုးမှု၊ လူသတ်မှုတွေနဲ့ ထောင်ကျတော့မည့်တရားခံရွှေတင်၊ ဂျူရီလူကြီး ခင်မောင်ဝင်း၊ လောက သဘာဝတရားကြီးကို မည်သူတဦးတယောက်မှ ပိုင်ဆိုင်ခွင့် မရှိတဲ့အရာမို့ ကမ္ဘာမြေကြီးကိုလည်း ပိုင်ဆိုင်သူဆိုတာမရှိတာမို့ မြေပိုင်ရှင်တွေကိုဆန့်ကျင်ပြီး လယ်သမားများ အောက်ခြေလူတန်းစားများဘက်မှ အမြဲ ခေါင်းဆောင်ရပ်တည်ပေးနေတဲ့ သခင်တောက်ထွန်းနှင့် အနစ်နာခံ ပေးဆပ်သူ ညိုလေး စသည့် ဇာတ်ကောင်များပါဝင်ပါသည်။
ဝတ္ထုရဲ့အဓိက နေရာတွင်ပါဝင်သော အရွှေ က ဆူကြုံနိမ့်မြင့် ကြုံရတဲ့ဘဝအခြေအနေတွေ ကြောင့် နွံထဲကျသွားတဲ့ ပတ္တမြားဖြစ်လိုက်၊ အားလုံးကို လိုက်ဒုက္ခပေးတဲ့သူ ဖြစ်လိုက်နဲ့ ဘဝအဖုံဖုံ ဆူကြုံနိမ့်မြင့် ရင်ဆိုင်ကျော်လွှား‌နေရသူဖြစ်ပါတယ်။
လူ့ပတ်ဝန်းကျင်မှာ မကောင်းသူတွေကိုလျော့ပါးစေဖို့ မကောင်းမှုမလုပ်ဝံ့စေဖို့ ရည်ရွယ်ပြီး ဥပဒေတွေနဲ့အုပ်ချုပ် ကြပေမယ့် အဲ့ ဥပဒေကြောင့်ပဲ ကောင်းမွန်မှန်ကန်တဲ့သူတွေ အပြစ်ပေးခံရ တာတွေလည်းကြုံနေရပါတယ်။
လူတွေဟာ ကြမ်းတမ်း ခါးသီးတဲ့အမှန်တရားကို ရင်မဆိုင်ရဲကြဘဲ ချိုမြိန်တဲ့ အပေါ််ယံတွေကို သာ အဟုတ်ထင်လက်ခံကြပြီး မြေနိမ့်ရာမို့ လှံစိုက် ချင်ကြတဲ့ လူ့သဘာဝတွေကို ပေါ််လွင်စေတဲ့ ဇာတ်လမ်းကောင်းလေးတခုပါ။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#audiobooks
#lhaudiobooks
#မြန်မာဝတ္ထု
#သိန်းဖေမြင့်
#မြသန်းတင့်

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Thu, 18 Sep 2025 20:54:35 +0000
Previous Post Next Post