“ဇီဝကပဥ္စာ” (ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများပေါင်းချုပ်) စာရေးသူ-ဒဂုန်ဦးစန်းငွေ

"ဇီဝကပဥ္စာ"
(ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများပေါင်းချုပ်)
စာရေးသူ – ဒဂုန်ဦးစန်းငွေ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၉ : ၁၁ မိနစ်

*စာမြည်း*
အဇာတသတ်သည် အောက်သို့ ငုံ့ကြည့်လျက်မှ လက်ဟန်ဖြင့် "ချလိုက်”ဟု အမိန့်ပေးလိုက်သည့်အဆုံးတွင် “ဝုန်း”ဟူသော အသံကြီးသည် တစ်တောင်လုံး ဟိန်းကာ ပဲ့တင်ထပ်လျက် ထွက်လာသည်နှင့်တစ်ချိန်တည်းမှာပင် သပိတ်တော်သည် ဘုရားသခင်၏ လက်တော်မှလွင့်စဉ်လျက် တစ်နေရာသို့. လိမ့်သွားလေသည်။ ဘုရားသခင်မှာလည်း ခွေလျက်သား လဲကျသွားလေ၏။ “ဟင်- ဘုရားသခင်ကို ထိသွားပါပြီကော” ရဟန်းတို့ ပြေးလာကုန်ပြီး ဘုရားသခင်အား ဝိုင်းဝန်းပွေ့ထူပြုစုကြကုန်၏။ ခြေတော်၌ ထိခတ်မိသောဒဏ်ရာကြောင့် ဘုရားသခင်၌ ဝေဒနာသည် ပြင်းစွာ ဖြစ်လေ၏။ ရဟန်းတို့လည်း နောက်ထပ် အန္တရာယ်တွေ့ မည်စိုးသောကြောင့် ဘုရားသခင်ကို အတင်းထမ်းကာ မဒ္ဒကုစ္ဆိတောင်သို့ ဆောင်ယူပြေးကြလေ၏။
ထိုအခါ– “ရဟန်းတို့၊ ငါ့ကို ဇီဝကဥယျာဉ်သို့ ခေါ်သွားကြ။ ဇီဝကဥယျာဉ်သို့ ခေါ်သွားကြ”ဟု စေခိုင်းတော်မူသဖြင့် ရဟန်းတို့လည်း အမိန့်တော်အတိုင်း ဇီဝက ဥယျာဉ်သို့ ကွေ့ကာ ဘုရားသခင်ကို ထမ်းဆောင်ပြေးကြလေ၏။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#audiobooks
#မြန်မာဝတ္ထု
#myanmaraudiobook

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 31 Aug 2025 20:54:36 +0000
Previous Post Next Post