“လွမ်းလို့ပါမောင်ရယ်” စာရေးသူ – မောင်တင်ရွှေ (ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ ဇွန်လ)

"လွမ်းလို့ပါမောင်ရယ်"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ ဇွန်လ)
စာရေးသူ – မောင်တင်ရွှေ
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၄၃ မိနစ်

*စာမြည်း*
နွယ်သည် မောင့် ဓာတ်ပုံအား လက်ညှိုး ငေါက်ငေါက်ထိုး၍ ခုံပေါ်သို့ဆောင့်ချလိုက်၏။
“ကြည့်၊ ပြောတာတောင် ဖြဲစပ်စပ်ကြီး”
နွယ်သည် မောင့် ဓာတ်ပုံအား ထပ်ကြည့်၍ လက်သီးဆုပ်ကလေးနှင့် ခပ်ဖွဖွထုနှက်လိုက်၏။ နွယ်သည် မျက်စောင်းခဲ၍နှုတ်ခမ်းစူလိုက်ပြန်၏။ မောင်သည် ပြုံးလျက်ပင်။ နွယ်သည် ခုမှပင် မှန်ကြည့်၍ရန်ဖြစ်နေသော ကလေးနှင့် တူနေတော့၏။ အာရုံသစ်တခုကို ဝင်စားလိုက်မိသဖြင့် နွယ်သည် စောစောကထက် ပိုမိုအေးမြသွားတော့၏။ စိုနေသော ဘရာစီယာကြောင့် နွယ်၏ ရင်သားများ ယားယံလာပြန်၏။ နွယ်သည် လက်လျှို၍ ပွတ်သပ်လိုက်၏။ နောက် ခုတင်ထက်တွင် အလျားမှောက်၍ အိပ်ချလိုက်၏။ နွယ့်စိတ်များသည် လှုပ်ရှားနေ၏။ ရင်ခုန်၍ ကတုန်ကယင် ဖြစ်လာ၏။ စိတ်ထဲမှဟာပြီး ခေါင်းခဲလာတော့၏။ နထင်ကြောများ တစစ်စစ်နှင့် ကိုက်ခဲပြီး ချွေးများစို၍ စိတ်ဝေလာ၏။ မောပန်းနွမ်းလျမှုကို ခံစားနေရတော့၏။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks
#မြန်မာဝတ္ထု #ငွေတာရီ

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 23 Sep 2025 20:54:35 +0000
Previous Post Next Post