"သုသာန်စောင့်"
စာရေးသူ – မင်းဘုန်းသိင်္ခသူ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၄၈ မိနစ်
*စာမြည်း*
"မင်းနိုးနေပြီလား" ထိုပုဂ္ဂိုလ်ကြီး၏လေသံမှာ ရင်းနှီးကျွမ်းဝင်နေသော လေသံမျိုးဖြစ်သည်ဟုခံစားရသည်။ သူမသည် တိုပုဂ္ဂိုလ်ကြီးကို ကြောင်အအဖြင့်ပြန်ကြည့်လိုက်သည်။ သူမ၏ရင်ထဲတွင် မေးစရာမေးခွန်းတခုလည်းရှိသည်။ ထိုလူစိမ်းကြီးကို သူမ မသိသည်သာမက ဒီလိုထူးဆန်းအံ့ဩစရာကောင်းလှသည့် အခန်းထဲသို့ ရောက်ရှိနေခြင်းကိုလည်း သူမ မနှစ်မြို့နိုင်ချေ။ ဒီနေရာမှ ခုချက်ခြင်းပင် ထွက်ပြေးချင်လှပါပြီ။ ဒီနေရာကို ဘယ်လိုလူတွေက သယ်ဆောင်လာတာလဲ။ "ကျွန်မ ဘယ်ရောက်နေတာလဲ ဟင်" ထိုပုဂ္ဂိုလ်ကြီးက ချိုမြစွာပြုံးလိုက်ပြန်သည်။ ဒီလိုပြုံးလိုက်ပေမယ့်သူ၏နှုတ်ခမ်းများ၏ အပြုံးနောက်သို့ မျက်လုံးများက လိုက်မလာကြပေ။ ဟန်ဆောင်ပြုံးလိုက်တာလား။
"လူသေကောင် အလောင်းတွေထားတဲ့နေရာကို မင်းရောက်နေတာ" "ရှင်" သူမ၏မျက်ဝန်းများက ချက်ခြင်းမှုန်မှိုင်းအေးစက်သွားသည်။ ရင်ထဲမှာ အာမေဋိတ်တခုက ကျယ်လောင်စွာမြည်ဟီးသွားခဲ့သည်။ သူမ၏လှပသောမျက်ဝန်းများသည် အံ့ဩတုန်လှုပ်မှုကို မည်သည့်နည်းနှင့်မျှ မထိန်းချုပ်နိုင်တော့ပေ။
"ဟုတ်တယ် မင်းသေသွားပြီ။ ဒါ့ကြောင့် ဒီနေရာကို မင်း ရောက်နေတာပေါ့"
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#audiobooks
#lhaudiobooks
#မြန်မာဝတ္ထု
#သုသာန်စောင့်
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Sun, 21 Sep 2025 20:55:10 +0000