“နန်းမဆန်သူမို့” (ငြိမ်းချမ်းပါစေနှင့်ဝတ္ထုတိုများ) စာရေးသူ – ခင်ဆွေဦး #lhaudiobooks #မြန်မာဝတ္ထု

"နန်းမဆန်သူမို့"
(ငြိမ်းချမ်းပါစေနှင့်ဝတ္ထုတိုများ)
စာရေးသူ – ခင်ဆွေဦး
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၃၉ : ၄၃ မိနစ်

*ဇာတ်လမ်းအကျဥ်း*
ချစ်ခြင်းတစ်ခုတည်းဖြင့် ရန်ကုန်မြို့ကြီးသို့ လိုက်ပါလာသော အညိုသည် ခမ်းနားထည်ဝါလွန်းသည့် ကိုစိုးတို့၏ အိမ်ကြီး၊ ယောက်မဖြစ်သူ ဖြူဖြူမော်၏ ခေတ်ဆန်လွန်းသော ပြင်ဆင်ဝတ်စားမှုများနှင့် မြို့ပြ၏ ဓလေ့စရိုက်များအကြား တောဆန်သောအလေ့အထများကြောင့် အသားမကျဘဲ စိတ်အိုက်တုန်လှုပ်ရသည်။ ထို့ပြင် ရန်ကုန်မြို့ကြီးသည် လူနည်းစုအတွက်သာ နိဗ္ဗာန်ဖြစ်ပြီး ရုန်းကန်နေရသည့် လူအများစုအတွက်မူ ငရဲပါတကားဟု ဘတ်စကားတိုးဝှေ့စီးရင်း ဆင်ခြင်မိလာသည်။ ကိုစိုးသည်လည်း အညို၏ နဂိုအလှကို မက်မော၍ ယူခဲ့သော် လည်း အသိုင်းအဝိုင်းပွဲလယ်တွင် ပညာ၊ ဥစ္စာ၊ မျိုးရိုးမရှိဘဲ ပြုပြင်၍မရသည့် တောစရိုက်ကြောင့် အညို့အပေါ် စိတ်ပျက်လာကာ ပြင်းထန်သော စကားလုံးများဖြင့် အပြစ်တင်စပြုလာသည်။ အဆုံးတွင် အညိုသည် မယားဝတ်တရားကျေပွန်သော်လည်း ခေတ်မဆန်ဘဲ အသွင်မတူသဖြင့် မေတ္တာဆုတ်ယုတ်လာသော လင်ယောက်ျားက စွန့်မပစ်ခင်၊ မိမိကို ငယ်စဉ်က ထိန်းကျောင်းခဲ့သည့် ဆင်းရဲသောဆွေမျိုး အရီးဒွေးကိုလည်း ပစ်ပယ်၍မရသဖြင့် မိခင်နှင့် ဖခင်ရှိရာ မိမိ၏ဘဝဟောင်း မင်းဇံရပ်ကွက်သို့သာ ပြန်လာတော့မည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် စာရေးသားအကြောင်းကြားရင်း လောကကြီးကို ကြောက်ရွံ့မိကြောင်း သံဝေဂရသွားလေသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ခင်ဆွေဦး

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ


https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်
Previous Post Next Post