"ဝေဒနာကိုအောင်နိုင်ခြင်း"
(မြဝတီမဂ္ဂဇင်း ၁၉၈၂ခုနှစ် ဇူလိုင်လ)
စာရေးသူ – ဒေါက်တာမင်းထိုက်
စာဖတ်သူ – ယံဇငြိဏ်း
ကြာချိန် – ၁၄ မိနစ်
*ဇာတ်လမ်းအကျဥ်း*
ရှေးယခင်က ခွဲစိတ်ကုသမှုများသည် နာကျင်လွန်းလှသဖြင့် လူနာများ သွေးပျက်စရာ ခံယူခဲ့ရသော်လည်း ၁၈၄၄ ခုနှစ်တွင် သွားဆရာဝန် ဒေါက်တာဝဲလ် (Dr. Wells) က ရယ်ဆေးဓာတ်ငွေ့ (Nitrous Oxide) သည် နာကျင်မှုကို လျှော့ပါးစေကြောင်း စတင်တွေ့ရှိခဲ့ပါသည်။ ထို့နောက် ၁၈၄၆ ခုနှစ်တွင် ဆေးကျောင်းသား မော်တွန် (Morton) က အီသာ (Ether) ဆေးရည်အငွေ့ကို အသုံးပြု၍ သွားနုတ်ခြင်းနှင့် အကျိတ်ခွဲစိတ်ခြင်းတို့ကို မနာမကျင်ဘအတ္ထုပ္ပတ္တိစံပြု ခွဲစိတ်ကုသနိုင်ခဲ့သဖြင့် မေ့ဆေးပညာတွင် သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့ပါသည်။
ဆက်လက်၍ ၁၈၄၇ ခုနှစ်တွင် ကရိုလိုဖောင်း (Chloroform) ဆေးရည် ပေါ်ပေါက်လာပြီး ဝိတိုရိယဘုရင်မကြီး မီးဖွားစဉ်တွင်ပင် အသုံးပြုခဲ့ကာ၊ ၁၉၁၇ ခုနှစ်တွင် ဘွိုင်းမရှီး (Boyle’s Machine) စက်ကိရိယာ တီထွင်နိုင်ခဲ့သဖြင့် မေ့ဆေးပေးသည့်စနစ် ပိုမိုဘေးကင်းလာခဲ့ပါသည်။ ထို့ပြင် ၁၈၈၄ ခုနှစ်တွင် ဒေါက်တာကိုလာ (Dr. Karl Koller) က ကိုကင်းကို အသုံးပြု၍ မျက်စိခွဲစိတ်မှုအတွက် ထုံဆေးကို စတင်တွေ့ရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ ခေတ်မီစက်ကိရိယာများနှင့် သွေးကြောထဲ ထိုးသွင်းသည့် မေ့ဆေးများ၊ ထုံဆေးများ ပေါ်ပေါက်လာပြီဖြစ်၍ ခွဲစိတ်ကုသမှုဆိုင်ရာ နာကျင်မှု ဝေဒနာများကို ဆေးသိပ္ပံပညာက အပြည့်အဝ အောင်နိုင်သွားပြီ ဖြစ်ပါသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar #မြန်မာဝတ္ထု #မြဝတီမဂ္ဂဇင်း
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်