“မြိုင်ဂန္ဓမာ” (ငြိမ်းချမ်းပါစေနှင့်ဝတ္ထုတိုများ) စာရေးသူ – ခင်ဆွေဦး #lhaudiobooks #မြန်မာဝတ္ထု

"မြိုင်ဂန္ဓမာ"
(ငြိမ်းချမ်းပါစေနှင့်ဝတ္ထုတိုများ)
စာရေးသူ – ခင်ဆွေဦး
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၂၇ မိနစ်

*ဇာတ်လမ်းအကျဥ်း*
ဆရာဖြစ်သင်တန်း ဆင်းခါနီး (၁၈) နှစ်အရွယ် မိန်းကလေး လဲ့သည် မိမိ၏မွေးရပ်မြေ မြိုင်ဂန္ဓမာရွာကလေးသို့ ကျောင်းပိတ်ရက် ခေတ္တပြန်လာစဉ် ရွာတွင် ဗမာဆေးဖြင့် လူနာများကို လိုက်လံကုသပေးနေသော ကျောင်းနေဖက်သူငယ်ချင်း ကိုထိန်ဝင်းနှင့် ဆုံတွေ့ခဲ့သည်။ ကိုထိန်ဝင်းသည် ပညာတတ်ပြီးနောက် မိမိရွာကို ပစ်ပယ်သွားကြသူများကို စိတ်နာလျက် ရွာ၏ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေး၊ ပညာရေး နိမ့်ကျမှုများကို ရင်ဖွင့်တတ်သူဖြစ်ပြီး လဲ့ကိုမူ ရွာကလေးသို့ ပြန်လာပြီး ကလေးများ၏ အနာဂတ်ကို ပြုပြင်ပေးရန် တောင်းဆိုကာ နှစ်ဦးသား သံယောဇဉ်တွယ်ခဲ့ကြသည်။ လဲ့ ရန်ကုန်သို့ ပြန်သွားပြီးနောက်တွင်လည်း ကိုထိန်ဝင်းက ရွာ၏အခြေအနေများနှင့် လဲ့အပေါ် စွဲလမ်းသတိရကြောင်း စာများအစဉ်တစိုက် ရေးသားခဲ့ပြီး လဲ့ကလည်း မိမိရွာတွင် တာဝန်ကျရန် အထက်သို့ တင်ပြထားကြောင်း ဝမ်းမြောက်ဖွယ် ပြန်ကြားခဲ့သည်။ နောက်ပိုင်းတွင် ကိုထိန်ဝင်းသည် ဆေးဝယ်ရန်နှင့် စာရေးဆရာသူငယ်ချင်း၏ ဖိတ်ခေါ်မှုကြောင့် ရန်ကုန်သို့ တစ်ခေါက် ရောက်ရှိသွားခဲ့ပြီးနောက် မြိုင်ဂန္ဓမာရွာကလေးသို့ မည်သည့်အခါမျှ ပြန်မလာတော့ဘဲ ရန်ကုန်တွင် ရုံးစာရေးလုပ်ကာ အိမ်ထောင်ကျသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကတိတည်စွာဖြင့် ရွာကလေးသို့ ဆရာမအဖြစ် တကယ်ပြန်လာခဲ့သော လဲ့သည် တစ်ချိန်က “မြိုင်ဂန္ဓမာကို ပစ်မသွားပါနဲ့၊ မီလျှံနာကြီးဖြစ်ရင် ရွာအတွက် အကုန်သုံးချင်တယ်” ဟု အပြောကြီးခဲ့သူ ကိုထိန်ဝင်းကိုယ်တိုင် ရန်ကုန်၏ ဇိမ်ခံပစ္စည်းများကြား ယစ်မူးကာ ရွာကို ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့ခြင်းကြောင့် သူ မရှိတော့ဘဲ ပို၍ခြောက်သွေ့သွားသော မြိုင်ဂန္ဓမာရွာကလေးတွင် အိပ်မက်ဆိုးကြီးနှင့်အတူ ဘဝကို နာကြည်းဝမ်းနည်းစွာဖြင့် ကျန်ရစ်ခဲ့ရရှာတော့သည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ခင်ဆွေဦး

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ


https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်
Previous Post Next Post