"ဖူးစစံပယ်"
(ငြိမ်းချမ်းပါစေနှင့်ဝတ္ထုတိုများ)
စာရေးသူ – ခင်ဆွေဦး
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၂၄ : ၁၅ မိနစ်
*ဇာတ်လမ်းအကျဥ်း*
မိခင်ဖြစ်သူ ဒေါ်လှရင်သည် သမီးဖြစ်သူ အင်္ဂလိပ်ကျောင်းတက်ကာ ဘိုဆန်ဆန် နေထိုင်ပြောဆိုသည်ကို အလွန်ဂုဏ်ယူနေသော်လည်း အမှန်တကယ်တွင် ရီတာသည် အတန်းထဲ၌ စာအဖျင်းဆုံးဖြစ်ပြီး၊ အချစ်ဝတ္ထုများနှင့် ယောကျ်ားလေးများထံမှ လာသော ရည်းစားစာများကိုသာ စိတ်ဝင်စားနေသူဖြစ်သည်။ တစ်နေ့တွင် အတန်းဖော် ကပြားမလေး စတယ်လာက ရီတာ့အား ညစ်ပတ်လိုသောစိတ်ဖြင့် “ကျွန်မအကြောင်း” စာစီစာကုံးကို ရီတာ့တွင် ချစ်သူရှိကြောင်းနှင့် အိမ်သာထဲ၌ ခိုးဖတ်တတ်ကြောင်း အင်္ဂလိပ်လို ပြောင်လှောင်ရေးသားပေးခဲ့ရာ ဆရာမက အတန်းထဲ၌ မြန်မာလို ပြန်လည်ဖတ်ပြခိုင်းသဖြင့် ရီတာတစ်အတန်းလုံး၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ကျောင်းမုန့်စားဆင်းချိန်တွင် ရီတာသည် မိမိထက် တစ်တန်းကြီးသော ချစ်သူ ကျောင်းသား ဘရောင်းနီနှင့် လမ်းကြားထဲ၌ ချိန်းတွေ့ခဲ့ပြီး၊ ဘရောင်းနီ၏ ဆွဲဆောင်စည်းရုံးမှုကြောင့် ကျောင်းပြန်မတက်တော့ဘဲ အတူတူ လိုက်ပြေးခဲ့ကြသည်။ ညနေစောင်းသည်အထိ သမီးဖြစ်သူ အိမ်ပြန်မလာသဖြင့် ကျောင်းသို့ လိုက်လံစုံစမ်းသော မိခင်ဒေါ်လှရင်သည် ဆရာမထံမှ သမီးဖြစ်သူ၏ စာမကြိုးစားမှု၊ လိမ်ညာမှုနှင့် ယောကျ်ားလေးနှင့် လိုက်ပြေးသွားသည့် သတင်းများကို ကြားသိလိုက်ရကာ သမီးဖြစ်သူနှင့် ဘရောင်းနီတို့၏ မိခင်ဖြစ်သူတို့ ခံစားရမည့် အတောမသတ်နိုင်သော ပူပင်သောက ဗျာပါဒကြီးစွာဖြင့် ဇာတ်သိမ်းထားပါသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ခင်ဆွေဦး
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်