"သံချေးတက်သောလူများ" (repost)
(ကိုဆေးရိုး၀တ္ထုတိုများ)
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာဖတ်သူ – အိမ့်ထက်
ကြာချိန် – ၂၆ မိနစ်
*စာမြည်း*
လှည်းတိုက် မလိုက်ရသောနေ့များတွင် အရေးတကြီး အထွန်ငှားသူများပေါ်လာလျှင် လိုက်လံ ထွန်ယက်ပေးရသဖြင့် နှစ်ကျပ်ရ၏။ ခင်မင်ရင်းနှီးသူများကို အလကား လိုက်လံကူညီရသည်။ ဒါတွေ မရှိသောနေ့များ၌ ဟိုကန်သင်းလျှောက်လျှောက်၊
ကန်သင်းလျှောက်လျှောက်ဖြင့် ဟေးလားဝါးလားလုပ်ကာ အချိန်ကုန်ခဲ့ရ၏။
လယ်ရှိပါလျက်နှင့် လယ်မလုပ်ရသော လယ်သမားတစ်ယောက်အတွက် ဖဲကစားတာပဲဖြစ်ဖြစ်၊ကက်ဆွဲတာ၊ ကြက်တိုက်တာပဲဖြစ်ဖြစ် အပျင်းပြေ
မဟုတ်တော့ပေ။ ငွေရရေးအတွက်သာ ဖြစ်လာရ၏။
ကြီးလေးသောတာဝန်တစ်ရပ်ကို ခေါင်းမှာရွက်မထား
ရသောကြောင့်လည်း ကိုစံထွားမှာ သူအလှမွေးထား
သော ဥဘန်းကြီးကို ခွပ်လက်ပြကြည့်မိရာက ရေမှန်
မှန်ပေး၊ အစာဂရုစိုက်ကျွေး စသည်ဖြင့် ဂရုစိုက်ယုယ
လာရာက သူလို ဝါစာကမာသမား ထွန်းအောင်နှင့်
အတွေ့တွင် ငွေတမ်းကြေးတမ်းတိုက်ရန် အကြောင်း
ဆိုက်လာရခြင်းဖြစ်၏။
“ငါ မုချနိုင်ရမယ်”
ကိုစံထွားက
မိမိကြက် မုချနိုင်ရမည်ဟု တွက်
ထားသည်။ သို့ကြောင့်လည်း ငွေတစ်ရာပေါ်မှာ တစ်
နေ့လျှင် အတိုး ငါးကျပ်ပေးရမည့် သုံးရာထက် မနည်း
တန်ဖိုးရှိသော ခိုင်းနွားကြီးကို တစ်လအတွင်း မရွေး
နိုင်က အဆုံးဟူသော မတော်လောဘ ငွေရှင်တစ်
ယောက်၏ စည်းကမ်းကို သဘောတူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကိုစံထွား၏ ဥဘန်းကြီးမှာ ထွန်း
အောင်၏ တိမ်ညင်သွေးကလေး တောင်ပံကြားသို့
ဝင်ခိုရာက အထွက်မှားသဖြင့် မျက်လုံးတစ်ဖက် ရောင်
ကိုင်းပြီး ပိတ်နေလေပြီ။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ဆင်ဖြူကျွန်းအောင်သိန်း
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်