"တက်လမ်း" (repost)
စာရေးသူ – ပီမိုးနင်း
စာဖတ်သူ – ယံဇငြိမ်း
ကြာချိန် – ၁ နာရီ ၅၀ မိနစ်
*စာမြည်း*
အကြံကြီးပါ
ဆင်းရဲမည်ကို ဘယ်အခါမျှ တွေး၍မကြောက်ရ။ ငါ ချမ်းသာရမည့်လူ၊
ငါ့ လူချမ်းသာ။ ငါ ကြွယ်ဝသူ၊ ငါ ကြွယ်ဝရမည်ဟူသော စိတ်ကိုအမြဲဆောင်ထားရမည်၊ အမြဲယုံကြည်ရမည်။ ချမ်းသာစွာ နေထိုင်ပုံကိုထင်မြင်ရမည်။ မြင့်မြတ်စိတ်ကို မွေးမြူ၍ မြင့်မြတ်သော အကြံကိုကြံရမည်။
လူတို့သည် စိတ်ကူးသလိုဖြစ်တတ်ကြ၏။ အရည်အချင်း အစွမ်းသတ္တိတူသူ နှစ်ယောက်ရှိ၏။ တစ်ယောက်ကား–အမြဲ ကြီးကြီး ကျယ်ကျယ် ကြံ၏။ တစ်ယောက်ကား သေးသေးနုပ်နုပ် လွယ်ကူစွာ ထမင်းဝရုံ စားရဖို့သာကြံ၏။
ထိုနှစ်ယောက်အနက် ကြီးကြီးကျယ်ကျယ်ကြံသူမှာ ကြီးကျယ်၍သေးငယ်စွာ ကြံသူမှာ သေးငယ်သိမ်နုပ်စွာ နေထိုင်ရတတ်လေသည်။
အရောင်းအဝယ်၌လည်း အသေးအဖွဲကို ကြံသူများ ရှိကြ၏။တံငါလုပ်ရာ၌ ငါးကြီးမျှားသူ၊ ငါးကလေးမျှားသူ နှစ်မျိုးနှစ်စားရှိလေသည်။ ကြီးကြီးကြံမှ ကြီးကြီးဖြစ်၏။ ငယ်ငယ်ကြံသူတို့မှာ ငယ်ငယ်သာ…
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ပီမိုးနင်း
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်