"ဖွတ်မရဓါးမဆုံး"
(မြဝတီမဂ္ဂဇင်း၊ ၁၉၅၇ ဇွန်လ)
စာရေးသူ – တက္ကသိုလ်မိုးမြင့်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၁၃ : ၁၄ မိနစ်
*စာမြည်း*
အသံလာရာ တဖက်ခန်းနောက်ဖေးသို့ လှမ်းကြည့်လိုက်မိရာ မမြှော်လင့်သော အမျိုးသမီးကို လက်တွင် အလားတူ စက္ကူကလေးဆုပ်ကာ ဗိုက်ကို လက်တဖက်က နှိပ်လျက်ဖြင့် မြင်လိုက်ရ တွေ့လိုက်ရ၏။ တချိန်တည်းတွင်မှ ကတ်သီး ကတ်သတ် ဆုံစည်းလာရ သောအဖြစ်ကို မပြုံးဘဲ မနေနိုင်တော့။ သူမကလည်း အခြေအနေကို သုံးသပ်မိသောအပြုံးဖြင့် ပြန်ကြည့်၏။ တယောက်ကို တယောက် ပြုံး၍ကြည့်ကြသည်။ သုံးအိမ်ထောင်လောက်ကိုမှ အိမ်သာတလုံးသာရှိသော ရွှေမြို့တော်၏ အီအီးဒုက္ခကို ရင်ဆိုင်ရလေပြီ။ “အို…… သွားပါ၊ သွားပါ” ကျွန်တော့်ပါးစပ်မှအားတုံ့အားနာ ပြောလိုက်သောစကား ကား မဟုတ်ပါ။ “အို-ဒီမှာလာထိုင်ပါခင်ဗျာ”ဟု ဘတ်စ်ကားပေါ်၌ ထိုင်နေသောနေရာမှ စတိုင်ပါပါ ထ,၍ဖယ်ပေးချင်ပေးမည်။ ဤနေရာမျိုးမှာတော့မရပါ။ ကျွန်တော့်ဓာတ်ကို ကျွန်တော်သိပြီးဖြစ်သည်။ ငယ်စဉ် ကျွန်တော်ကို ကျောင်းအပ်စ, အခါကလည်း ယိုအိမ် ဘယ်နေမှန်းမသိ မအောင့်နိုင်၊ မစောင့်နိုင် ဘောင်းဘီထဲမှာပင် ကိစ္စပြီးလိုက်မိသဖြင့် ကိုကို၏ အရိုက်အနှက် အကြိမ်း အမောင်းခံခဲ့ရဘူးသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 22 Jul 2025 20:54:10 +0000