“ရွှေဥဒေါင်း၏ဆွေးနွေးခန်း” စာရေးသူ – ရွှေဥဒေါင်း (၁၉၆၁ ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်း)

"ရွှေဥဒေါင်း၏ဆွေးနွေးခန်း"
(၁၉၆၁ ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်း)
စာရေးသူ – ရွှေဥဒေါင်း
စာဖတ်သူ – အိမ့်ထက်
ကြာချိန် – ၂၈ : ၂၃ မိနစ်

*စာမြည်း*
ပြီးခဲ့သော မတ်လက ကျွန်ုပ်သည် ကျန်းမာရေးအတွက် သင်္ဘောစီးရင်း ဇနီး၏ရွာသို့လည်းရောက်ရစေ၊ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀-ခန့်ကကျောင်းဆရာ လုပ်ခဲ့သည့် ကမ်းနီရွာကလေးသို့လည်း ရောက်ရစေ ဆိုကာ အထက်မြစ်ညာသို့လှည့်လည်ခဲ့ပါသည်။ ကျောက်မြောင်းဆိပ်ကမ်းသို့ ဆိုက်ရောက်သောအခါ လူတစုဆင်းလာကြ၍နမ်းဆမ်’ သင်္ဘော ပိုင်ရှင်အား-
“ကျုပ်တို့အခန်းကျယ်ကျယ် လိုချင်တယ်၊ ရအောင်လုပ်ပေးပါ”ဟု ပြောသံ ကြားလိုက်ရ၏။ကျွန်ုပ်တို့လင်မယားမှာ ထိုသင်္ဘောတွင် ရှေးဦးစွာရောက်လာသော ခရီးသည်များဖြစ်၍ အကျယ်ဆုံးသောအခန်းကိုရရှိထားရာ ထိုလူစုကိုကြည့်လိုက်သောအခါ အစိုးရအရာရှိ ( ဗျူရိုကရက်) များ ဖြစ်ကြခြင်းကို ရိပ်မိသည်နှင့် တပွဲတလမ်းတော့ စမ်းကြရဦးတော့မည်ဟု အောက်မေ့လိုက်၏။ သို့ရာတွင် အသက်ကြီးပြင်းလာ၍ ရန်ဖြစ်ဖို့ တွန့်ဆုတ်လာသည်နှင့် ဖက်ပြိုင်၍ မပြောတော့ပါဆိုကာကျွန်ုပ်သည် သင်္ဘောအလုပ်သမားများ စီမံသည့်အတိုင်း ကြည့်နေလိုက်ပါသည်။ သင်္ဘောမှာ ပရသဖ သင်္ဘောမဟုတ်၊ တရုပ်လူမျိုးတယောက်ပိုင်သည့် “နမ်းဆမ် သင်္ဘော ဖြစ်လေရာ အလုပ်သမားများသည် ကျွန်ုပ်တို့လင်မယားကို အခန်းကျဉ်းတခုသို့ ပြောင်းရွှေ့၍ ထိုအရာရှိများကို ကျွန်ုပ်တို့၏အခန်းတွင် ထားလိုက်လေ၏။ ကျွန်ုပ်သည်ထိုအပြုအမူကို မကျေနပ်သည်နှင့် ၎င်းလူစုကို ခပ်ရှောင်ရှောင် လုပ်၍နေရာ…

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 22 Jul 2025 20:54:06 +0000
Previous Post Next Post