“ရီးစားတထောင်” စာရေးသူ – အောင်လင်း (မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ဇွန်လ)

"ရီးစားတထောင်"
(မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ဇွန်လ)
စာရေးသူ – အောင်လင်း
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၂၂ : ၄၁ မိနစ်

*စာမြည်း*
ဒီဘက်မှာ စားနေကျ၊ ကြောင်ပါးတွေ ပြောတဲ့စကားကို နားထောင်လိုက်ရင် ရှင်းနေတာဘဲ။ ကားရှိရင် ဘယ်သူ့ကို ရတယ်၊ ဘိုင်စကုတ် ပြရုံနဲ့ ကိစ္စပြီးတယ်ဆိုတဲ့ လူကုံထံ ဝေါဟာရတွေကို ခင်ဗျားတို့စာရေးဆရာတွေလဲ ကြားဘူးမှာပေါ့။ ကျနော်ပြောနေတာက ဒီလိုမိန်းမတွေ မှုတ်ဖူးဗျ .." “ဒါဖြင့် ခင်ဗျားပြောတဲ့ မိန်းမစားက ဘယ်လိုမိန်းမမျိုးလဲဗျာ.. " " အင်း…ခင်ဗျားအမေးက ဖြေရတာခပ်ကျပ်ကျပ်ဘဲ၊ မိန်းမအပြားဋီကာနဲ့တော့ ဘယ်လိုမိန်းမမျိုးရယ်လို့ အမည်တပ်ပြောလို့ မရဘူး။ ပဒုမ္မနီလား၊ ဟတ္ထနီလားလို့တော့ နာမည်မတပ်နိုင်ဘူး။ဒါပေမဲ့ ကျနော်ပြောသလိုဘဲ ရည်းစားများတဲ့ မိန်းမဟာ များသောအားဖြင့် စိတ်ပြော့တယ်၊ သဘောကောင်း တယ်၊ ယုံလွယ်တတ်တယ်။ အဲဒါ ဘယ်လိုမိန်းမမျိုးလို့ ခေါ်မလဲ။ လူတွေ အပြောကတော့ ဒီလို မိန်းမမျိုးဟာ ပျံတံတံ နန့်တံ့တံ့ မျက်နှာများတဲ့မိန်းမလို့ ခေါ်ကြတယ်၊ မိန်းမလယ်လို့လဲ ခေါ်ကြတယ်။ ကျနော်ကဘော့ ဒီလိုမိန်းမမျိုးတွေကို အလွန် သနားစရာကောင်းတဲ့ မိန်းမတွေလို့ ခေါ်ချင်တယ်။ အလွန်ရိုးပီး အ,တဲ့မိန်မတွေလို့ ခေါ်ချင်တယ်။ အဲ ဒီလို မိန်းမတွေ့ကို ကျုပ်တို့ ယောက်ျားတွေက နားမလယ်ကြသေးဘူး။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 22 Jul 2025 20:54:13 +0000
Previous Post Next Post