“ရွှေလောင်းသခင်နှင့်လှိုင်ထိပ်ထား” (မြဝတီမဂ္ဂဇင်း၊ ၁၉၆၇ ဇွန်လ) စာရေးသူ – မင်လှဂုဏ်ရောင်

"ရွှေလောင်းသခင်နှင့်လှိုင်ထိပ်ထား"
(မြဝတီမဂ္ဂဇင်း၊ ၁၉၆၇ ဇွန်လ)
စာရေးသူ – မင်လှဂုဏ်ရောင်
စာဖတ်သူ – မြတ်လေးငုံ
ကြာချိန် – ၁၉ : ၃၅ မိနစ်

*စာမြည်း*
လှိုင်ထိပ်ခေါင်တင် အသက် ၂ ၇- နှစ်တွင် မိခင် မမြလေးကို ရေတွင်ဖျောက်ခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြည်မင်းပုန်ကန်မှုတွင် မယုံသင်္ကာ ခံရခြင်းမှာလည်း ရွှေဘိုမင်းသားတော်ကြီး ပြည်မင်းသီရိမဟာသီဟသူရ ဓမ္မရာဇာက သားတော်များကို သျှောင်ထုံးမင်္ဂလာ “ဆောင်တော်မူပြီးလျှင် ရှင်သမဏေပြုရာတွင် သား မိထွေး ဖြစ်ကြသည့်အတိုင်း ပြည်မင်းအား အနောက်နန်းမတော် မိဖုရားက မိမိအဆောင်တော်မှ မင်းသုံးမင်းဆောင် ရွှေထည်ငွေထည် စသော ပစ္စည်းများ ငှားရမ်းမိလေသည်။ ဤသို့ငှားသည်ကို ရွှေဘိုမင်းကြားသိမှတ်ထားတော်မူလေသည်။ ဤအမှတ်ကပင် နောင်အခါ ပုန်ကန်မှုတွင် ပါဝင်သည်ဆိုသော မယုံသင်္ကာမှုကို ပိုမိုကြီးထွားအောင် အားပေးလေသည်။ အထင်မမှားရအောင် ရှင်းလင်းလျှောက်ထား အသနားတော်မြတ် ခံပါသော်လည်း ချမ်းသာခွင့်မရဘဲ ရှေ့တော်မှောက်ကပင် အနောက်ဝန်တို့ ခေါ်ဆောင်ရာ အမရပူရမြို့ အနောက်မျက်နှာ သရက်တပင် သင်းချိုင်းသို့ လိုက်ပါသွားရလေသည်။ သမီးတော် လှိုင်ထိပ်ခေါင်တင်မှာ သေခြင်းဆိုး သေရှာသောမိခင်အတွက် ပူးဆွေးရတက် ပွားရခြင်းသည်ပင် နုနယ်သော နှလုံးသားအတွင်း၌ အလွမ်းစာဆိုဖြစ်အောင် မျိုးစေ့ပေးခံရခြင်း ဖြစ်လေသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 10 Aug 2025 20:54:24 +0000
Previous Post Next Post