"လွမ်းစိတ်ဖြေရာ"
(စပယ်ဦးမဂ္ဂဇင်း နှစ်လည်အထူးထုတ် ၁၉၆၈ စက်တင်ဘာလ)
စာရေးသူ – လင်းယုန်သစ်လွင်
စာဖတ်သူ – ဝေယံ
ကြာချိန် – ၃၀ : ၂၈ မိနစ်
*စာမြည်း*
ဘကြီးဆောင်းသည် နွားနှစ်ကောင်ကို “ဟဲ့” ငေါက်လျက် လမ်းအတိုင်း လှည်းကိုချိုးကွေ့သည်။ ပြီးလျှင် သူ့စကားကိုဆက်ပြန်လေသည်။ “မင်းဆရာရေးတဲ့ ဝတ္ထုတွေဟာ ဘိုင်စကုတ် ရုပ်ရှင်သူဌေးတွေကလဲ ဝယ်ကြတယ်ဆို။ တလောကလဲ သူကြီးအိမ်က ရေဒီယိုဆိုတာထဲမှာ ကြားလိုက်ရတယ်။ ရွာသာရွာဆိုလား၊ ဘာဆိုလား အဲဒီဇာတ်လမ်းဟာ။ ဆရာတော် ဦးကေတုက အဲဒါတွေ ကြားနေသိနေရတော့ သိပ် အံ့သြချီးမွမ်းတာပ။ မင်းဆရာလို သူငယ်မျိုးဟာ ဒို့များရွာမှာ နှစ်ယောက်မရှိဘူးတဲ့။ “အိမ်း …ဒါပေမယ့် ဒီသူငယ်ဟာ သူ့အစွမ်း သူ့ အစနဲ့ သူ့ကိုယ်သူမယုံကြည်လို့ ရွာမှာသာ ရေသာခိုပြီး နေနေမယ်ဆိုရင် တနေ့မှာဟိုအရူးအပေါကြီး ဝါစိလိုဖြစ်မှာဘဲတဲ့” ”ဝါစိဟုတ်လား ဘကြီးဆောင်း၊ ဝါစိဆိုတာ ဘယ်သူလဲဗျ"
ကျွန်တော့တပည့် မြမောင်က သူမသိသောသူ၊ သူမသိသောအကြောင်းကို မေးလေသည်။ ကျွန်တော်မှာမူ ထိုအမည်ကို ကြားလိုက် ရ သောကြောင့်လည်း ရင်ထဲတွင် လှုပ်ရှားခြင်း ဖြစ်ရပြန်လေသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Sun, 10 Aug 2025 20:54:18 +0000