“ရွှေပင်လယ်စီးသည်သို့” (ချက်ကော့ဝတ္ထုတိုများ ) ဘာသာပြန်သူ – ကျော်အောင်

"ရွှေပင်လယ်စီးသည်သို့"
(ချက်ကော့ဝတ္ထုတိုများ)
ဘာသာပြန်သူ – ကျော်အောင်
စာဖတ်သူ – မေသူ
ကြာချိန် – ၁၄ : ၃၉ မိနစ်

*စာမြည်း*
ရုတ်တရက် ချက်ချင်းပင် လေပြင်းတစ်ချက်သည် ရိုင်းဂျုံခင်းများနှင့် အုတ်ဂျုံခင်းများအပေါ် လှိုင်းထ ဖြတ်ပြေးသည်။ လမ်းပေါ်တွင် ဖုန်များ လုံးတက်လာသည်။ ပီတာဆာဂီသည် ရယ်မောကာ မြင်းကို အမြန်စီးသည်။
“တို့ စိတ်ကူး မကောင်းဘူးလား” ဟု အော်ကာ မေးသည်။ သူ၏ ပျော်ရွှင်မှုက ကျွန်မကို ကူးစက်သည်။ မကြာခင် မိုးရေတွေရွှဲကာ တစ်ကိုယ်လုံး စိုစွတ်တော့မည်။ ပြီးတော့ မိုးကြိုးပစ်ခံရလျှင် သေနိုင်သည် ဟူသော အတွေးကြောင့် ကျွန်မလည်း ရယ်မိသည်။ လေပွေသည် အဆက်မပြတ် တိုက်ခတ်သည်။ မြင်းလှည်းမှာလည်း အမြန်ပြေးသွားနေသည်။ ကျွန်မမှာ အသက်ရှူ ပို၍ မြန်လာသည်။ လေထဲတွင် ပျံဝဲနေသော ငှက်မလေးနှင့် တူသည်ဟု ထင်မိသည်။ ရင်မှာ တဒိန်းဒိန်း ခုန်လာသည်။ ကျွန်မတို့ ခြံဝင်းထဲရောက်လျှင် လေငြိမ်သွားပြီး မိုးပေါက်များ မြက်ခင်းပေါ်နှင့် အိမ်ခေါင်မိုးပေါ်သို့ ရွာချသည်။ မိုးသံဖြင့် ဆူညံနေသည်။ မြင်းဇောင်းနားတွင် တစ်ယောက်မျှ မရှိ။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Sun, 10 Aug 2025 20:54:13 +0000
Previous Post Next Post