"တုပ်ကွေး"
(မြဝတီမဂ္ဂဇင်း ၁၉၅၇ခုနှစ် ဇွန်လ)
စာရေးသူ – နတ်မောက်ဘုန်းကျော်
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၂၅ : ၄၁ မိနစ်
*စာမြည်း*
မမြင့်ဌေးဆိုလျှင် အသိပညာဥာဏ် ခေါင်းပါးသူ မဟုတ်။ တကြိမ်တုန်းက အင်းလျားတဝိုက်တွင် တိမ်တိုက်မှ ထွန်းတောက်နေသော သောက်ရှူးကြယ် ကလေးတပွင့်ဖြစ်၏။ ဥပစာအထက်တန်းအထိ ပညာကို ဆည်းပူးခဲ့သူလည်းဖြစ်၏။ မိဘ ရွှေမြို့တော်ကြီးတွင် အထက်တန်းလွှာထဲ၌ မမြင့်ဌေး မကျင်လည်ခဲ့ဘူးသော ပေါင်းသင်းစု အသိုက်အဝန်းမည်သည် မရှိ။ မမြင့်ဌေးမပါသော ပါတီမှန်သမျှသည် အိုအေစစ် မရှိသော သဲကန္တာရပမာတည်း။ မမြင့်ဌေးမပါသော ကပွဲသည် စန္ဒကူးရနံ့မှ ကင်းအပ်သော ၀နေ-တော ကဲ့သို့သာတည်း။ မမြင့်ဌေးသည် ဒေါက်တာစိုးသိမ်းရှေ့ ၌ အေးဆေးစွာပင် ထိုင်၍နေလေသည်။ ဒေါက်တာ စိုးသိမ်းကား သူ၏လေယူလေထားကို နူးညံ့နိုင်သမျှနူးညံ့စွာ ထားရှိလျက် ပြောပြ၏။
“ကျွန်တော်ထင်ပါတယ်….၊ ဦးထွန်းဝေကတော့ ဒီလို ခလေးရှိတာသိသွားရင် သိပ်ဝမ်းသာ ပေမှာဘဲ”
“အူတူတူ မလုပ်လိုက်ပါနဲ့ဆရာ……ခလေးအဖေဟာ သူမဟုတ်ပါဘူး။ သူဂျပန် သွားနေတာ ၄-လ တောင် ရှိမှဘဲ”
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 12 Aug 2025 20:54:23 +0000