"၁၉၄၈ခု၊ ဇန်နဝါရီလ ၃၀ရက်"
(သွေးစွန်းသောနေ့ရက်များ)
စာရေးသူ – လင်ယုန်မောင်မောင်
စာဖတ်သူ – ဝေယံ
ကြာချိန် – ၁ : ၄၇ : ၂၀ နာရီ
*စာမြည်း*
“ကျုပ်ဆီကို ရောက်လာတဲ့ အရေးကြီးတဲ့စာတွေ ယူခဲ့ပါဦး၊ ဒီစာ တွေကို ဒီနေ့ပြန်ဖြစ်အောင် ပြန်မှဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ နက်ဖြန်ဆိုရင် ကျုပ် ရှိချင်မှရှိတော့မှာ” ဂန္ဒီကြီးသည် ဘီရှန်အား သူ့ စာများကို ယူလာရန် ပြောလိုက်ရာ၌ အထက်ပါအတိုင်း “နက်ဖြန်ဆိုရင် ကျုပ်ရှိချင်မှရှိတော့မှာ”ဟူ၍ ပြောကြားခဲ့သည်။ ဤစကားကို ပြောကြားခဲ့ရာ၌ သူသည် အမှတ်မထင် ပြောကြားခဲ့သည်မဟုတ်။ ဗုဒ္ဓမြတ်စွာဘုရား၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော လက္ခဏာရေးသုံးပါးကိုလည်းကောင်း၊ သေခြင်းတရား၏ လျင်မြန်လှသော အဖြစ်ကိုလည်းကောင်း ပိုင်းခြားထင်ထင် ဆင်ခြင်အောက်မေ့၍ သတိနှင့်ယှဉ်ကာ တမင်ပြောလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် အခြားသောနေ့များတွင် ဤစကားကို ပြောခဲ့လျှင် မည်သို့မျှ ထူးခြားမည်မဟုတ်သော်လည်း ယနေ့အဖို့ရာ၌မူ ဤစကားကို ဆင်ခြင်ပြောကြားခဲ့ရာ၌ “စကားနောက်တရားပါ”ဆိုသလို ဖြစ်လာတော့ မည်ကို သူမသိရှာခဲ့ပါတကား။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ
Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
https://fliphtml5.com/site/13979096/index.html
#audiobooks
#လင်းယုန်မောင်မောင်
#မြန်မာဝတ္ထု
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #BOOKS ⦿ Tue, 02 Sep 2025 20:54:29 +0000