၅။ “ပါမောက္ခဦးဖေမောင်တင်” (အတ္ထုပ္ပတ္တိများ) စာရေးသူ – သိပ္ပံမောင်ဝ

၅။ "ပါမောက္ခဦးဖေမောင်တင်"
(အတ္ထုပ္ပတ္တိများ)
စာရေးသူ – သိပ္ပံမောင်ဝ
စာဖတ်သူ – ယံဇငြိဏ်း
ကြာချိန် – ၈ : ၄၇ မိနစ်

*စာမြည်း*
ပါမောက္ခ ဆရာဦးဖေမောင်တင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ အတ္ထုပ္ပတ္တိ မှာ မြန်မာပြည်တွင် လိုအပ်လှပေသည်။ မြန်မာစာပေ ကြီးပွားရေးအတွက် ဦးဖေမောင်တင် ဆောင်ရွက်ခဲ့သည်များကို မြန်မာတိုင်းလိုလိုပင် သိပြီးသား ဖြစ်သောကြောင့် အထူးရေးသားနေရန် မလိုတော့ပေ။ နိုင်ငံခြား သာသနာ ပြုရေးနှင့် ပတ်သက်၍ကား လူအများ သိရှိကြမည် မဟုတ်ပေ။ နိုင်ငံခြား တွင် ဗုဒ္ဓဘာသာ သာသနာထွန်းပြောင်တောက်ပရန် မြန်မာပြည်မှ တကယ် တမ်း ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ထူးကြီး သုံးဦးတို့ကား လယ်တီဆရာတော် ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဟောင်း ဦးရွှေဇံအောင်နှင့် ပါမောက္ခ (ဆရာ) ဦးဖေမောင်တင်တို့ ဖြစ်လေသည်။ လယ်တီဆရာတော်ဘုရားကြီးကား နိုင်ငံခြားမှ မေးမြန်းသမျှသော အခက်အခဲ သာသနာရေး မေးခွန်းပုစ္ဆာတို့ ၊ ကို ဖြေဆိုခြင်းဖြင့် နိုင်ငံခြား သာသနာကို ပြုတော်မူခဲ့ပေသည်။ ဦးရွှေဇံ အောင်ကား သင်္ဂြိုဟ်ကျမ်းကြီးကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းဖြင့် နိုင်ငံ ခြားသာသနာကို ပြုခဲ့ပေသည်။ ပါမောက္ခ ဦးဖေမောင်တင်ကား ဝိသုဒ္ဓိမဂ္ဂ ကျမ်း၊ အဋ္ဌသာလိနီကျမ်းတို့ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းအားဖြင့် နိုင်ငံ ခြားသာသနာကို ပြုခဲ့ပေသည်။ အလွန်တရာမှပင် ခက်ခဲနက်နဲလှစွာသော အဘိဓမ္မာကျမ်းစာများကို ကျကျနန အင်္ဂလိပ်ဘာသာ ပြန်ဆိုရာမှာ လွယ် ကူသော အရာမဟုတ်။ သာမန်လူတို့ စိတ်ကူးထဲပင် ထည့်ဝံ့ကြမည် မဟုတ် ပေ။ အာဇာနည်ပုဂ္ဂိုလ်ကျော်ကြီးတို့၏ အရာသာ ဖြစ်ပေသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 https://fliphtml5.com/site/13979096/index.html
#audiobooks
#သိပ္ပံမောင်ဝ
#မြန်မာဝတ္ထု

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #BOOKS ⦿ Tue, 02 Sep 2025 20:54:27 +0000
Previous Post Next Post