“အိမ်ထောင်ပျက်သောအခါ”(မြဝတီမဂ္ဂဇင်း ၁၉၅၇ ဇူလိုင်လ) စာရေးသူ – ဦးဉာဏ #lhaudiobooks

"အိမ်ထောင်ပျက်သောအခါ"
(မြဝတီမဂ္ဂဇင်း ၁၉၅၇ ဇူလိုင်လ)
စာရေးသူ – ဦးဉာဏ
စာဖတ်သူ – နန်းသိင်္ဂီ
ကြာချိန် – ၁၂ : ၃၀ မိနစ်

*ဇာတ်လမ်းအကျဥ်း*
စာရေးသူသည် အသက် ၁၇ နှစ်တွင် မယားရခဲ့သော်လည်း ၂၅ ရက်သာပေါင်းပြီး ကွဲခဲ့သဖြင့် အိမ်ထောင်ပျက်ခြင်း၏ ဒဏ်ကို မခံစားခဲ့ရသော်လည်း၊ အသက် ၁၉ နှစ်တွင် ဒုတိယမယားနှင့် ၂၇ နှစ်တိုင်တိုင် စနစ်တကျ အိုးအိမ်ထူထောင်ခဲ့ပြီးမှ ဇနီးဖြစ်သူ ကွယ်လွန်သွားသောအခါတွင်မူ အိမ်ထောင်ကြီး ပြိုလဲကာ ဘဝပျက်လုနီးပါး ပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရသည် ။ ထို့ပြင် အသက် ၃၅ နှစ်၌ ဇနီးကွယ်လွန်၍ အိမ်ထောင်ပျက်မုတ်ဆိုးဘို ဖြစ်ခဲ့ရရှာသော ဖခင်ဖြစ်သူက သားသမီးလူမမယ်လေးများနှင့် မီးဖိုချောင်အဆင်မပြေမှု ဒဏ်ကို မခံနိုင်ဘဲ ချစ်ဟောင်းဖြစ်သူ မုတ်ဆိုးမတစ်ဦးနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သော်လည်း အဆင်မပြေဘဲ ၃ နှစ်အကြာတွင် ပြန်လည်ကွာရှင်းခဲ့ရပုံ၊ နောက်ပိုင်းတွင် အတည်တကျမဟုတ်ဘဲ ကာမဂုဏ်အလိုငှာသာ မိန်းမများနှင့် ပတ်သက်ခဲ့ရပုံများကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် ပြန်ပြောင်းဝေဖန်ထားသည် ။ အနှစ်ချုပ်အားဖြင့် လင်မယားညားရုံမျှဖြင့် အိမ်ထောင်ကျသည်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှု၊ အပေးအယူရှိမှုတို့ဖြင့် အတည်တကျ စနစ်တကျ ထူထောင်နိုင်မှသာ စစ်မှန်သော အိမ်ထောင်ရေးဖြစ်ပြီး၊ ထိုကဲ့သို့ ခိုင်မြဲသောစနစ် ဆုံးရှုံးသွားခြင်းကသာ အိမ်ထောင်ပျက်ခြင်း၏ စစ်မှန်သော ဝေဒနာဖြစ်ကြောင်းကို မီးမောင်းထိုးပြကာ အိမ်ထောင်သည်တိုင်း အိမ်ထောင်သည်ပီသအောင် ကြိုးစားကြရန် တိုက်တွန်းထားပါသည် ။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/index.html
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #မြဝတီမဂ္ဂဇင်း

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ


https://s.w.org/images/core/emoji/12.0.0-1/72x72/1f447.png
Source: #MyanmarNet #မြန်မာနက်
Previous Post Next Post